1 ပတ် - ဘာသာပြန်ပါ။

ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဘွဲ့လွန်အင်္ဂလိပ်စာ ဒီပလိုမာသင်တန်း ဖွင့်လှစ်မည်

ယခုနိုဝင်ဘာလအတွင်း ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဘွဲ့လွန်အင်္ဂလိပ်စာ ဒီပလိုမာသင်တန်း (Postgraduate Diploma in English) ကို နိုဝင်ဘာ (၁၁) ရက်နေ့မှ စပြီး အွန်လိုင်းမှ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို အသက် (၆၀) နှစ်အောက် ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်ပြီး ပညာရေးဝန်ကြီးဌာနရှိ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများကို ဦးစားပေးမည်ဖြစ်ကာ အစိုးရဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာန အကြီးအကဲ၏ ခွင့်ပြုချက်ပါရှိရမည်ဖြစ်သည်။
သင်တန်းကာလကို Level (၅) ခု သတ်မှတ်ထားပြီး Level (၁) ခုကို (၁၀) ပတ်ကြာ တက်ရောက်ရမည်ဖြစ်ကာ Level (၅) ခုလုံး ပြီးဆုံးပါက Postgraduate Diploma in English (PGDip.Eng) ဒီပလိုမာလက်မှတ်ကို ရရှိမည်ဖြစ်သည်။
အဆိုပါ သင်တန်းကြေးမှာ Level တစ်ခုလျှင် (၈၀,၀၀၀) ကျပ်ဖြစ်ပြီး Elementary Level၊ Pre-Intermediate Level၊ Intermediate Level၊ Upper Intermediate Level နှင့် Advanced Level ဖြစ်သည်။
နိုဝင်ဘာလ (၂၂) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ နံနက် (၇) နာရီမှ (၉) နာရီအထိ (သို့မဟုတ်) စနေ၊ တနင်္ဂနွေ နံနက် (၉) နာရီမှ နေ့လည် (၁၂) နာရီအထိ (သို့မဟုတ်) စနေ၊ တနင်္ဂနွေ နေ့လယ် (၁) နာရီမှ ညနေ (၄) နာရီအထိ အဆင်ပြေရာအချိန် ရွေးချယ်ပြီး ရန်ကုန်ပညာရေးတက္ကသိုလ်တွင် တက်ရောက်ရမည်ဟုဆိုသည်။
စိတ်ပါဝင်စားသူများသည် lms.yuoe.edu.mm မှတဆင့် နိုဝင်ဘာ (၁၁) ရက်နေ့၊ နံနက် (၉) နာရီမှ စတင်ကာ သတ်မှတ်လူဦးရေပြည့်သည်အထိ လျှောက်လွှာတင်နိုင်ပြီး ပညာရေးဝန်ထမ်းများသာ လျှောက်နိုင်ရန် သီးခြားလျှောက်လွှာပုံစံ ထည့်သွင်းထားကြောင်း သိရသည်။
Online Booking အောင်မြင်သူများစာရင်းကို www.yuoe.edu.mm တွင် ကြေညာသွားမည်ဖြစ်ပြီး လျှောက်လွှာပုံစံ စစ်ဆေးရန်နှင့် ကျောင်းအပ်နှံရန် နိုဝင်ဘာ (၁၃) ရက်နေ့တွင် ကျောင်းသားရေးရာဌာန၌ သွားရောက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

image