6 ရက် - ဘာသာပြန်ပါ။

ကမ္ဘာ့ဖလားခြေစစ်ပွဲကစားမယ့် အင်္ဂလန်အသင်းမှ ကစားသမား ၃ ဦး နုတ်ထွက်လာ
=====================

မာ့ခ်ဂူဟီ၊ နစ်ပုပ်နှင့် အန်တိုနီဂေါ်ဒွန်တို့ဟာ ဒဏ်ရာပြဿနာများကြောင့် အင်္ဂလန်ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ပွဲကစားမယ့် လူစာရင်းမှ နုတ်ထွက်လာပါတယ်။
ပဲလေ့စ်အသင်းခေါင်းဆောင်မာ့ခ်ဂူဟီဟာ ကြားရက်တုန်းက ကွန်ဖရင့်လိဂ်ပွဲတွင် ခြေထောက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး လမ်းလျှောက်နိုင်ခြင်း မရှိပါဘူး။
နယူးကာဆယ်တောင်ပံကစားသမားဂေါ်ဒွန်မှာလည်း တင်ပုဆုံဒဏ်ရာကြောင့် တနင်္ဂနွေနေ့ည ဘရန့်ဖို့ဒ်အား ရှုံးနိမ့်တဲ့ပွဲစဉ်ကို လွဲ‌ချော်ခဲ့ပါတယ်။
ဒါ့အပြင် နယူးကာဆယ်ဂိုးသမားနစ်ပုပ်မှာလည်း ဘရန့်ဖို့ဒ်ကိ ၃-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲမှာ ခေါင်းဒဏ်ရာရရှိပြီး ခေါင်းမူးဝေနေပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားပြီး ဖြစ်တဲ့ အင်္ဂလန်ဟာ ကြာသပတေးနေ့တွင် ဝင်ဘာလေကွင်းမှာ ဆားဘီးယားကို ဧည်ခံကစားရမှာ ဖြစ်ပြီး ယင်းပွဲအပြီး ၃ ရက်အကြာ တနင်္ဂနွေနေ့တွင် တီရာနာသို့ သွားရောက်ကာ အယ်ဘေးနီးယားနှင့် ရင်ဆိုင်ကစားရပါမယ်။
အင်္ဂလန်ကစားသမားများဟာ ယနေ့တွင် အင်္ဂလန်အသင်းကို သတင်းပို့ရပါမယ်။

image