နိုဝင်ဘာ ၁၇ ရက်မှ နိုဝင်ဘာ ၂၁ ရက်အထိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းသား၊ ကျောင်းသူများကြိုတင်ဆန္ဒမဲပေးနိုင်

လာမည့် နိုဝင်ဘာ ၁၇ ရက်မှ နိုဝင်ဘာ ၂၁ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအတွင်း တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းသား၊ ကျောင်းသူများကြိုတင်ဆန္ဒမဲပေးနိုင်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ယနေ့ နိုဝင် ဘာ ၈ ရက်ကအသိပေးခဲ့သည်။

ရွေးကောက်ပွဲကျင်းပချိန်သည် ကျောင်းဖွင့်ချိန်များဖြစ်ရာ မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသား၊ ကျောင်းသူများအဆင်ပြေစွာဆန္ဒမဲပေးနိုင်ရန် ဒီဇင်ဘာ ၂၈ ရက်တွင် အသက် (၁၈) နှစ်ပြည့်ပါက မိမိတို့၏ မဲစာရင်းပါရှိရာ ရပ်ကွက် (သို့) ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြိုတင်ဆန္ဒမဲပေးနိုင်သည်ဟု အသိပေးခဲ့သည်။

ထိုသို့ ကြိုတင်ဆန္ဒမဲပေးရာ၌ မှတ်ပုံတင်၊ သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှထုတ်ပေးသည့် ကျောင်းသားစိစစ်ရေးကတ်(သို့)ကျောင်းဝင်ခွင့်အထောက်အထားတို့ကိုပြသရမည်ဖြစ်သည်။

image