6 ရက် - ဘာသာပြန်ပါ။

လျှပ်စစ်မီးပြန်လည်ရရှိခဲ့ပြီဖြစ်သည့် ကျောက်မဲမြို့

အကြမ်းဖက်အဖွဲ့များ၏ ဖျ-က်ဆီးမှုများကြောင့် လျှပ်စစ်မီးပြ-တ်တောက်ခဲ့သည့် ကျောက်မဲမြို့အား လျပ်စစ်မီးပြန်လည်ရရှိရေးအတွက် တာဝန်ရှိသူများမှအမြန်ဆုံးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ကျောက်မဲမြို့နယ်ရှိ နမ့်စောင်းငေါင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ၁၁ ကေဗွီ ဓာတ်အားလိုင်းကို နိုဝင်ဘာ ၄ ရက်ည ၆ နာရီတွင် လက်ခံရရှိခဲ့ပြီး ယင်းဓာတ်အားလိုင်းမှတဆင့် ၁၁/၀.၄ ကေဗွီ ၄၀၀ ကေဗွီအေ ရဲစခန်းထရန်စဖော်မာ၊ ၁၁/၀.၄ ကေဗွီ ၃၁၅ ကေဗွီအေ ကမ္ဘောဇထရန်စဖော်မာ၊ ၁၁/၀.၄ ကေဗွီ ၁၀၀ ကေဗွီအေ လျှပ်စစ်ရုံးယာယီထရန်စဖော်မာနှင့် ၁၁/၀.၄ ကေဗွီ ၅၀ ကေဗွီအေ ဆေးရုံယာယီထရန်စဖော်မာတို့အား ဓာတ်အားများပို့လွှတ်ပေးနိုင်ခဲ့သည်။

ထိုသို့ ဓာတ်အားပို့လွှတ်ပေးနိုင်မှုကြောင့် ဌာနဆိုင်ရာများယာယီရုံး (ကမ္ဘောဇရှမ်းကျောင်းကြီး)၊ ခရိုင်မီးသ-တ်ဦးစီးဌာန၊ ခရိုင်/မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ ခရိုင်စီမံကိန်းရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာန၊ မြို့နယ်စာရင်းရုံး၊ မြို့မရဲစခန်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သမဝါယမဦးစီးဌာန၊ ပြည်သူ့ဆေးရုံနှင့် ခရိုင်/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ မြန်မာ့စီးပွားရေးဘဏ်၊ ကျောက်မဲမြို့ ကျက်သရေဆောင်ခန်းမတို့၌ လျှပ်စစ်မီးများပြန်လည်ရရှိနေပြီဖြစ်သည်။

ထို့ပြင် ကျန်ရှိသည့်နေရာများအား တာဝန်ရှိသူများနှင့် ပူးပေါင်း၍ လျှပ်စစ်မီးများအမြန်ဆုံးပြန်လည်ရရှိရန် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

image