1 ပတ် - ဘာသာပြန်ပါ။

စတိတ်စင်ပေါ်၌ ညစ်ညမ်းသောစကားများပြောဆိုကာ “ကွန်ဒုံးများ"ဖြန့်ဝေခဲ့သည့် အဆိုတော်များနှင့် ပွဲစီစဥ်သူများကို ပုဒ်မ(၃)ခုဖြင့်အမှုဖွင့်ထား

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက် Eastern Yangon Eventpark ၌ နိုဝင်ဘာ ၂ ရက်ကကျင်းပသည့် Overflow Music Festival ဖျော်ဖြေပွဲတွင် စတိတ်စင်ပေါ်၌ ညစ်ညမ်းသောစကားများပြောဆိုကာသီဆိုကခုန်ပြီး “ကွန်ဒုံးများ"ဖြန့်ဝေခဲ့သည့် အဆိုတော်များနှင့် ပွဲစီစဥ်သူများကို ပုဒ်မ(၃)ခုဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

အဆိုတော် Wink (ခ)ရဲဝင့်အောင်(ခ)ဗလနှင့် Bkho Bain (ခ)သိန်းမင်းထိုက်တို့ဦးဆောင်သည့်အဖွဲ့မှ စတိတ်စင်ပေါ်၌ ညစ်ညမ်းသောစကားများပြောဆိုကာ သီဆိုကခုန်ဖျော်ဖြေပြီး ပရိတ်သတ်များအတွင်းသို့ “ကွန်ဒုံးများ”ဖြန့်ကြဲခဲ့ကြသဖြင့် ဖမ်းဆီးရမိရေးအ တွက်စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် သီဆိုဖျော်ဖြေရာတွင်ပါဝင်ခဲ့သည့် It's Phyo (ခ)ဖြိုးသန့်အောင်(ခ)ကိုဖြိုး(၂၈)နှစ်၊ ပြည့်စုံထွန်း(ခ)စိုင်းမွမ်းဖ(၂၇)နှစ်၊ သက်လှိုင်ဝင်း(ခ)ကိုသက် (၂၉)နှစ်၊ အာကာဖြိုး(ခ)အာကြီး(၂၇)နှစ်၊ မင်းမော်ထွန်း(ခ)မော်ကြီး(၂၇)နှစ်၊ ဟိန်းလွင်ထွန်း(ခ)ဖိုးထန်း (၁၆)နှစ်၊ စိုင်းအောင်ခေး(၂၅)နှစ်၊ ဝေလင်းအောင်(၂၂) နှစ်၊ Wink (ခ)ရဲဝင့်အောင်(ခ)ဗလ၊ ပြည့်ဇော်အောင်(ခ) Pause (၂၃)နှစ်၊ ထိုက်အောင်ကျော်မြတ်(ခ)ဗြဲကြီး (၂၁)နှစ်၊ Bkho Bain (ခ)သိန်းမင်းထက်(၂၉)နှစ်၊ လင်းလင်းထွန်း(ခ)လင်းထွန်း(၂၃)နှစ်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ပွဲစီစဉ်သူများဖြစ်သည့် တင်ရတနာသိမ့်၊ ဟန်လင်းထက်နှင့် အောင်ခန့်မော်(ခ)ဂျပန်ကြီးတို့ကိုလည်း ဖမ်းဆီးရမိခဲ့သဖြင့် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ် မြေရဲစခန်းက ဖမ်းဆီးရမိသူများအား (ပ)၂၁၃/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ-၅၀၅-က/၂၉၄/၁၁၄ အရ အမှုဖွင့်ကာ ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရန်ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

imageimage