တိရစ္ဆာန်ရုံ (ရန်ကုန်) မီးပွိုင့်တွင် လမ်းဘေးဓာတ်တိုင်ကိုကားဝင်တို-က် အမျိုးသမီး (၁) ဦးကားအတွင်းညပ်ပြီးဒ-ဏ်ရာရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်ရှိ တိရစ္ဆာန်ရုံမီးပွိုင့်အနီးတွင် လမ်းဘေးရှိဓာတ်တိုင်အား ကားဖြင့်ဝင်တို-က်မိခဲ့မှု ယနေ့ နိုဝင်ဘာ ၉ ရက်နံနက်အစောပိုင်းကဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့နှင့် အနာဂတ်အလင်းတန်းပရဟိတအသင်းတို့ထံမှ သိရသည်။

ဒဂုံမြိုနယ်၊ ဘုရားကြီးရပ်ကွက်ရှိ အလံပြဘုရားလမ်းအတိုင်းမောင်းနှင်လာသော ကား (၁) စီးသည် တိရိစ္ဆာန်ရုံမီးပွိုင့်အနီးအရောက် စလစ်ဖြစ်ကာလမ်းဘေးရှိဓာတ်တိုင်အားဝင်တို-က်မိကာ အမျိုးသမီး (၁) ဦးမှာ ကားခေါင်းခန်းအတွင်း၌ညပ်နေသဖြင့် ကျောက်တံတားမြို့နယ်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အနာဂတ်အလင်းတန်းပရဟိတအသင်းဝင်များက Hydraulic Rescue Tools အသုံးပြု၍ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ကားခေါင်းခန်းအတွင်းညပ်နေသည့် အမျိုးသမီးအားကယ်ထုတ်နိုင်ခဲ့ပြီးနောက် ထိခိုက်ဒ-ဏ်ရာများရရှိထားသဖြင့် ကြည်မြင့်တိုင်စံပြလူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရူံကြီးသို့ပိုဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်မြို့အတွင်း ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုနှင့်အတူ ယာဥ်အချို့စလစ်ဖြစ်ကာ တိမ်းမှောက်ခြင်း၊ တို-က်မိခြင်းများဖြစ်ပေါ်နေသဖြင့် သတိပြုမောင်းနှင်ကြရန် နှိုးဆော်ထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၇) ရက် ညနေပိုင်းအချိန်တွင် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းပေါ်တွင် အိမ်စီးကားတစ်စီး ပက်လက်လန်တိမ်းမှောက်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ (၆) ရက်နေ့တွင်လည်း စမ်းချောင်းမြို့နယ်၊ ဗားဂရာချောက်တွင် အငှားယာဉ်တစီးတိမ်းမှောက်မှုဖြစ်ပွါးခဲ့သေးသည်။

Photo-အနာဂတ်အလင်းတန်းအသင်း

image