အချက်ပြမီးဖွင့်ကာလမ်းဘေးရပ်ထားသည့်အိမ်စီးကားကို ကုန်တင်ကားကဝင်တို-က်ပြီးတိမ်းမှောက်

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဥသျှစ်ကုန်းအမြန်လမ်းမီးသ-တ်စခန်းအပိုင်တွင် ယနေ့ နိုဝင်ဘာ ၉ ရက်နံနက် ၉ နာရီခွဲခန့်က အချက်ပြမီးဖွင့်ကာလမ်းဘေးရပ်ထားသည့်အိမ်စီးကားကို ကုန်တင်ကားကဝင်တို-က်ပြီးတိမ်းမှောက်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။

အမြန်လမ်းမကြီး၏ ဥသျှစ်ကုန်းအမြန်လမ်းမီးသ-တ်တပ်ဖွဲ့စခန်းအပိုင် မိုင်တိုင်အမှတ် ၆၅/၁ နှင့် ၆၅/၂ ကြားတွင် SOUEAST (အနက်ရောင်) အိမ်စီးကားသည် အချက်ပြမီးဖွင့်၍ ညာဘက်လမ်းဘေး၌ရပ်ထားစဉ် NISSAN CONDOR (အပြာရောင်) ကုန်တင်ကားမှ အရှိန်မထိန်းနိုင်ဘဲဝင်တို-က်မိပြီး ကုန်တင်ကားမှာတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဥသျှစ်ကုန်းအမြန်လမ်းမီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များကကူညီမှုများပြုလုပ်ပေးခဲ့ကြပြီး ဖြစ်စဥ်ကြောင့် အိမ်စီးကားပေါ်မှ အမျိုးသမီး (၁) ဦးတွင် ထိခိုက်ဒ-ဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ဥသျှစ်ကုန်းအမြန်လမ်းရဲတပ်ဖွဲ့က မြို့ချောင်းဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကာ ကုန်တင်ကားပေါ်တွင်လိုက်ပါလာသူများမှာ ထိခိုက်ဒ-ဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

image