ဘန်လေပွဲတွင် ကွင်းသို့ ခေါင်းတလား ယူလာပြီး အကြီးအကျယ် ဆန္ဒပြခဲ့ကြတဲ့ ထောင်ပေါင်းများစွာသော ဝက်စ်ဟမ်းပရိသတ်များ
======================
ထောင်ပေါင်းများစွာသော ဝက်စ်ဟမ်းပရိသတ်များဟာ စနေနေ့ည ဘန်လေအား အနိုင်ရတဲ့ပွဲ မတိုင်မီ အကြီးအကျယ် ဆန္ဒပြသမှုများ ပြုလုပ်ခဲ့ကြပါတယ်။
ပရိသတ်များဟာ ယခုရာသီတွင် တန်းမဆင်းရရေး တိုက်ပွဲဝင်နေရပြီးနောက် အသင်းပိုင်ရှင်အား ဆန္ဒပြလာကြတာလည်း ဖြစ်ပါတယ်။
ထောင်ပေါင်းများစွာ ဝက်စ်ဟမ်းပရိသတ်များဟာ စနေနေ့ပွဲမတိုင်မီ London Stadium သို့ စုစည်းချီတက်ကာ ဆန္ဒပြခဲ့ကြပါတယ်။
၎င်းတိ့ဟာ အသင်းပိုင်ရှင်ကို ဆန့်ကျင်တဲ့ နဖူးစည်းများ ကိုင်ဆောင်ထားကြပါတယ်။ ရှေ့ဆုံးတွင် ခေါင်းတလားတစ်ခုကိုလည်း ထမ်းလာကြပြီး “sold our soul” ၊ “No more BS” လို့ သံပြိုင်အော်ဟစ်ခဲ့ကြပါတယ်။
“sold our soul” ဆိုတဲ့ စကားလုံးမှာ ဝက်စ်ဟမ်းအသင်းပိုင်ရှင်တို့က ၁၁၂ နှစ်ကြာ အသုံးပြုလာတဲ့ အပ်တန်ပါ့ခ်ကို စွန့်ခွာပြီး London Stadium သို့ ပြောင်းလာပြီးနောက် ပရိသတ်များက ပိုင်ရှင်ကို ဆန့်ကျင်တဲ့ စကားစု ဖြစ်ပါတယ်။
“No more BS,” ဆိုတဲ့ စကားလုံးမှာ ကလပ်ဥက္ကဌနှင့် ဒုဥက္ကဌများဖြစ်ကြတဲ့ ဗေးဗစ်ဆူလေဗန်နှင့် ကာရန်ဘရာဒီတို့ကို ရည်ရွယ်တာပါ။
ဝက်စ်ဟမ်းပရိသတ်များဟာ သုံးပွဲဆက်တိုက် အသင်းပိုင်ရင်များကို သပိတ်မှောက်လာကြတာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းဟာ မနေ့ညတုန်းက ပရိသတ်များရဲ့ ဆန္ဒပြမှုများဖြင့် ကြုံတွေ့ခဲ့ရပေမယ့်လည်း ဘန်လေကို ၃-၂ ဖြင့် အနိုင်ရရှိကာ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ရရှိလာပါတယ်။