ရောဘတ်လီဝန်ဒေါ့စကီးအား ခေါ်ယူရန် အေစီမီလန် ဆွေးနွေးလာ
==================
အေစီမီလန်တာဝန်ရှိသူများဟာ လာမယ့် ရာသီတွင် တိုက်စစ်မှူးဆန်တီယာဂိုဂျီမီနက်ဇ် နေရာတွင် အစားထိုးရန်အတွက် ရောဘတ်လီဝန်ဒေါ့စကီးရဲ့ အေးဂျင့်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
ပိုလန်အသင်းခေါင်းဆောင်ဟာ ယခုရာသီအကုန်တွင် ဘာစီလိုနာနှင့် စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး ကလပ်ဘက်က စာချုပ်သက်တမ်းတိုးရေး ကမ်းလှမ်းလာမှု မရှိမှုနှင့်အတူ အသင်းပြောင်းလာဖို့ ရှိနေပါတယ်။
မကြာသေးမီတုန်းက အသက် ၃၇ နှစ်ရှိ လီဝန်ဒေါ့စကီးရဲ့ အေးဂျင့် ပီနီဇာဟာဗီကိုယ်တိုင်က ဒေါ့မွန်နှင့် ဘိုင်ယန်တိုက်စစ်မှူးဟောင်းမှာ ဘာစီလိုနာမှ ထွက်ခွာနိုင်ကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။
၎င်းက "လီဝန်ဒေါ့စကီးရဲ့ ဘာစီလိုနာစာချုပ်က ၂၀၂၆ ခုနှစ်မှာ ကုန်ဆုံးပါမယ်။ ဆုံးဖြတ်ချက်တော့ မချရသေးပါဘူး။ အခြေအနေ စောင့်ကြည့်မယ်။ လာမယ့် ရက်တွေ ဘာဖြစ်လာမလဲ ကြည့်ရပါမယ်။ ဆော်ဒီအသင်းတွေနဲ့တော့ တရားဝင် ဆွေးနွေးတာ မရှိသေးပါဘူး။ ကမ်းလှမ်းလာတာလည်း မရှိပါဘူး"လို့ ပြောကြားသွားပါတယ်။
ရောဘတ်လီဝန်ဒေါ့စကီးဟာ ယခုရာသီတွင် နည်းပြဟန်ဆီဖလစ်မှာ ဖာရန်တောရက်စ်နှင့် မားကပ်စ်ရက်ဖို့ဒ်တို့အား အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုလာမှုနှင့်အတူ နေရာရရှိရေး ပိုမို ရုန်းကန်လာရပါတယ်။
ယနေ့တွင် Sportitalia and Sport ရဲ့ ဖော်ပြလာမှုအရ မီလန်တာဝန်ရှိသူများဟာ လီဝန်ဒေါ့စကီး အပြောင်းအရွှေ့အတွက် အေးဂျင့်ဇာဟာဗီနှင့် ဆွေးနွေးလာကြောင်း သိရပါတယ်။
အေစီမီလန်ဟာ ဖေဖော်ဝါရီလတုန်းက မက္ကဆီကိုတိုက်စစ်မှူးဂျီမီနက်ဇ်ကို လေးနှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် ဂျီမီနက်ဇ်မှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့သလို ယခုရာသီ အကောင်းဆုံးပုံစံ ရရှိရေး ရုန်းကန်နေရပါတယ်။
အသက် ၂၄ နှစ်ရှိ တိုက်စစ်မှူးဟာ ယခုရာသီတွင် ၁၁ ပွဲကစားထားရာမှာ ၁ ဂိုးတည်းသာ သွင်းထားနိုင်ပြီး ၂ ကြိမ် ဖန်တီးထားပါတယ်။