အခန်းဝယ်ယူနိုင်ကြောင်း စာအတုလုပ်ကာ လိမ်လည်နေ၍ သတိထားရန် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန အသိပေး

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အခန်းဝယ်ယူခွင့်ပြုကြောင်း အကြောင်းကြားစာကို အတုအပပြုလုပ်ကာ လိမ်လည်မှုများရှိနေ၍ သတိထားရန် အသိပေးထုတ်ပြန်ထားသည်။

လိမ်လည်မှုများသည် အကြောင်းကြားစာကို အတုအပပြုလုပ်ခြင်း၊ အီးမေးလ်အတုများဖွင့်ကာ ပို့၍ လိမ်လည်ခြင်း၊အခန်းများ လိမ်လည်ရောင်းချခြင်း၊ ငွေလွှဲခိုင်းခြင်းတို့ ပြုလုပ်လျက်ရှိသည်ဟု အသိပေးချက်အရ သိရသည်။

ထို့ကြောင့် ရောင်းမှားဝယ်မှား မဖြစ်စေရန် သတိပေးကြေညာခြင်းဖြစ်ကာ သိရှိလိုသည်များကို ဌာနသို့လူကိုယ်တိုင်လာရောက်ဆက်သွယ်နိုင်ကြောင်း ဦးစီးဌာနက ထုတ်ပြန်ထားသည်။

image