ပဲခူးတိုင်းတွင် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု ၃ ခု ဝင်ရောက်
-------------------

ပဲခူးတိုင်းဒေသကြီးမှာ နိုဝင်ဘာလအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်တစ်ခုနဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်နှစ်ခု တိုးတက်ဝင်ရောက်ခဲ့တယ်လို့ နိုဝင်ဘာ ၆ ရက်က ပြုလုပ်တဲ့ ပဲခူးတိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီ အစည်းအဝေးကနေ သိရပါတယ်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၂၅ သန်းနဲ့ မြန်မာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ်သန်း ၄၉၃၀ တိုးတက်ဝင်ရောက်ခဲ့တာဖြစ်ပြီး ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း ၁၂၈၅ ခုကို ဖန်တီးပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်းမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစား(၈)ခုရှိရာ စက်မှုကဏ္ဍတိုးတက်မှုနဲ့အတူ လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ မွေးမြူရေးနဲ့ရေလုပ်ငန်းကဏ္ဍ၊ လယ်ယာကဏ္ဍတွေမှာလည်း ရင်းနှီးမြှုပ်နှံမှု တိုးတက်အောင် ဆောင်ရွက်ရမှာ ဖြစ်သလို ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာလည်း ပြည်တွင်းက ထွက်ရှိတဲ့ ကုန်ကြမ်းပစ္စည်းတွေကို သုံးစွဲနိုင် ရေး ဆောင်ရွက်ပေးရမယ်လို့ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီနေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂၁၄ ဒသမ ၃၂၈ သန်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ်သန်းပေါင်း ၂၃၄၀၀၀ ကျော်နဲ့ အလုပ်အကိုင် အခွင့်အလမ်း ၁၅၆၁၉ ဦးကို ဖန်တီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

image