1 ရက် - ဘာသာပြန်ပါ။

တပ်မတော်(လေ)အင်အားတောင့်တင်းခိုင်မာစေရန်၊ ခေတ်မီစေရန် ရေတိုရေရှည်တွက်ဆဆောင်ရွက်ပေးလျက်ရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေးအရ၊ နိုင်ငံရေးပထဝီအခြေအနေအရ ထူးခြားသည့်အခြေအနေများပိုင်ဆိုင်ထားသဖြင့် တပ်မတော်(လေ)အင်အားတောင့်တင်းခိုင် မာစေရန်၊ ခေတ်မီစေရန် ရေတိုရေရှည်တွက်ဆဆောင် ရွက်ပေးလျက်ရှိသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

နေပြည်တော်လေတပ်စခန်း၌ နိုဝင်ဘာ ၇ ရက်နံ နက်ပိုင်းကကျင်းပသည့် တပ်မတော်(လေ)မှ လေ ယာဉ်/ရဟတ်ယာဉ်များတပ်တော်ဝင်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်(လေ)သည် မြန်မာနိုင်ငံ၏ လေကြောင်းစွမ်းအားအရင်းအမြစ်များအနက် အဓိကကျသည့်အဖွဲ့အစည်းတစ်ခုဖြစ်ကာ ပထဝီနိုင်ငံရေးအရ၊ နိုင်ငံရေးပ ထဝီအခြေအနေအရ ထူးခြားသည့်အခြေအနေများ ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံအနေဖြင့် လေကြောင်းစွမ်းအားသည်မရှိမဖြစ်လိုအပ်၍ အင်အားကောင်းမွန်စေရန်၊ ခေတ်မီအဆင့်မြင့်စေရန် မဖြစ်မနေကြိုးပမ်းတည်ဆောက်ရမည်ဟု ပြောသည်။

ထို့ကြောင့် လေကြောင်းစွမ်းအားအရင်းအမြစ်များ သည် နည်းပညာတိုးတက်ပြောင်းလဲမှုအပေါ် အဓိကတည်မှီနေရာ တပ်မတော်(လေ)အနေဖြင့် စွမ်းဆောင်ရည်အစဉ်ကောင်းမွန်နေရန် နည်းပညာတိုးတက်ပြောင်း လဲနေမှုကို မျက်ခြည်မပြတ်လေ့လာအကဲခတ်နေရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သတိပေးပြောကြားခဲ့သည်။

" လတ်တလောကာလ နိုင်ငံတကာမှာဖြစ်ပွားခဲ့တဲ့ ပဋိပ က္ခတွေ၊ ပြည်တွင်းမှာဖြစ်ပေါ်ကြုံတွေ့ခဲ့ရတဲ့ အခြေအ နေတွေမှာ လေယာဉ်/ရဟတ်ယာဉ်တွေ၊ ဒရုန်းနဲ့ ယူအေဗွီတွေအပါအဝင် လေကြောင်းစွမ်းအားအရင်းအမြစ်တွေက မရှိမဖြစ်လိုအပ်လာတာကိုတွေ့ရပါတယ်။ ဒါ့ကြောင့် နိုင်ငံအသီးသီးက လေတပ်အပါအဝင် လေကြောင်းစွမ်းအားထုတ်လုပ်ဖြန့်ကြက်ပေးနိုင်တဲ့ တပ်ဖွဲ့အမျိုးမျိုးကို အင်အားတိုးတက်ရုံအပြင် ခေတ်မီအဆင့်မြင့်စေဖို့အတွက်ပါ တတ်စွမ်းသမျှကြိုးပမ်းလုပ်ဆောင်နေကြပါတယ်"ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ထို့ကြောင့် ယနေ့တပ်တော်ဝင်ပေးလိုက်သည့် လေ ယာဉ်/ရဟတ်ယာဉ်များကို မြတ်နိုးတန်ဖိုးထားပြီး ကျွမ်းကျွမ်းကျင်ကျင် ထိထိရောက်ရောက် ပျံသန်းကိုင်တွယ်အသုံးပြုထိန်းသိမ်းပြီး စွမ်းရည်အဆင့်အတန်းမြင့်မားသည့် လေတပ်မတော်တစ်ခုဖြစ်ကြောင်းသက်သေပြရန်၊ နိုင်ငံတကာဆက်ဆံရေး၊ ပထဝီနိုင်ငံရေးဆိုင်ရာဖြစ်ပေါ်ပြောင်းလဲလာမှုများနှင့် သိပ္ပံနှင့်နည်းပညာအဆင့်မြင့်တိုးတက်လာမှုအခြေအနေများကို စဉ်ဆက်မပြတ်လေ့လာသုံးသပ်ဖော်ထုတ်ပြီး တပ်မတော် (လေ)၏ တိုက်စွမ်းအားအစဉ်ထိရောက်မြင့်မားနေအောင်ကြိုးပမ်းတီထွင်လုပ်ဆောင်ရန် တိုက်တွန်းမှာ ကြားသည်။

ထို့အတူ ရရှိပိုင်ဆိုင်ထားပြီးဖြစ်သည့် လေကြောင်းစွမ်း အားအရင်းအမြစ်များကို အထိရောက်ဆုံးအသုံးချနိုင်စေရေးစဉ်ဆက်မပြတ်လေ့ကျင့်ခြင်း၊ သုတေသနပြု စမ်းသပ်တီထွင်ထုတ်လုပ်ခြင်း၊ အလဟဿဆုံးရှုံးပျက်စီးထိခိုက်မှုမရှိအောင် အလေးထားလုပ်ဆောင်ခြင်းလုပ်ငန်းစဉ်များကို ပျံသန်းရေး၊ စက်မှုလက်မှုနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်ကြီး(၃)ရပ်ပေါင်းစပ်ညှိနှိုင်းကာ တာဝန်ရှိသူအဆင့်ဆင့်က အလေးထားကြပ်မတ်စီမံလုပ်ဆောင်ရန်၊ တပ်မတော်၏ကောင်းမြတ်သည့်အစဉ် အလာများကို အသက်နှင့်ထပ်တူထိန်းသိမ်းစောင့် ရှောက်ပြီး ကမ္ဘာတည်သရွေ့ မြန်မာတည်အောင်ဝိုင်း ဝန်းကြိုးပမ်းလုပ်ဆောင်ရန်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းမှာကြားခဲ့သည်။

image