ဗီယင်ကျန်းမြို့၌ မြန်မာသံရုံးအသစ်ဆောက်လုပ်ရန် ပန္နက်တော်တင်
လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ (၃)ထပ်ရှိ မြန်မာသံရုံးအသစ်ဆောက်လုပ်ရန် ပန္နက်တော်တင်ခြင်းကို နိုဝင်ဘာ ၆ ရက်နံနက် ၉ နာရီကကျင်းပရာ ဗီယင်ကျန်းမြို့ရှိ Vat Sri Amphone ဘုန်းတော်ကြီးကျောင်းမှ ဆရာတော် Ven Noy Sungvaro က အန္တရာယ်ကင်းပရိတ်ရွက်ဖတ်ခြင်း၊ ပရိတ်ရေစင်ဖြန်း၍ ဆုတောင်းမေတ္တာပို့သခြင်းများပြုလုပ်ခဲ့သည်။
ထို့အတူ မြန်မာသံအမတ်ကြီးဦးအောင်ကို၊ လာအိုနိုင်ငံခြားရေးဝန်ကြီးဌာန၊ Diplomatic Service Bureau မှ ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ဆောက်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၊ မြိုပြနှင့် အိုးအိမ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ မြန်မာစစ်သံမှူး (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်ခင်မောင်စိုးနှင့် ဆောက်လုပ်ရေးကုမ္ပဏီ Misouk Construction & Decoration Sole Co., Ltd ဥက္ကဋ္ဌတို့က ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
ဗီယင်ကျန်းမြို့၌ (၃)ထပ်ရှိ မြန်မာသံရုံးအဆောက်အအုံအသစ်နှင့်အတူ အထပ်(၄)ထပ်ရှိ သံရုံးဝန်ထမ်းအိမ် ရာအသစ်ကိုလည်းဆောက်လုပ်သွားမည်ဖြစ်၍ ပန္နက်တော်တင်ခြင်းကို တစ်ဆက်တည်းပြုလုပ်ခဲ့ကြသည်။