အန်ဇိုဖာနန်ဒက်ဇ်ထံသို့ ရေလာမြောင်းပေးမက်ဆေ့ချ်ပို့ခဲ့တယ်ဆိုတဲ့ ကောလာဟလများကို အိုင်ကာဒီရဲ့ ဇနီးဟောင်းတုံ့ပြန်လာ
=======================
ဝန်ဒါနာရာဟာ ချဲလ်ဆီးနှင့် အာဂျင်တီးနားကွင်းလယ်ကစားသမားအန်ဇိုဖာနန်ဒက်ဇ်ထံသို့ ရေလာမြောင်းပေး အထာပေးတဲ့ မက်ဆေ့ချ်ပို့ခဲ့တယ်ဆိုတဲ့ ကောလာဟလသတင်းများအပေါ် တုံ့ပြန်မှု ပြုလုပ်လာပါတယ်။
ချဲလ်ဆီးစတားဟာ ငယ်ချစ် ဗလန်တီနာကာဗန်တီနှင့် ကာလရှည်ကြာ လက်တွဲလာသူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဗလန်တီနာဟာ အာဂျင်တီးနားရုပ်သံ အစီအစဉ်တွင် အသက် ၃၈ နှစ်ရှိ ဝန်ဒါနှင့် ထိပ်တိုက်တွေ့ဖို့ ဖြစ်လာခဲ့ပါတယ်။
မော်ရိုအိုင်ကာဒီရဲ့ ဇနီးဟောင်းဝန်ဒါဟာ MasterChef တွင် အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်နေပါတယ်။
အသက် ၂၅ နှစ်ရှိ ဗလန်တီနာမှာလည်း ယင်းအစီအစဉ်တွင် ပါဝင်လာပြီး ဝန်ဒါနှင့် ဆုံစည်းလာပါတယ်။
အိုင်ကာဒီရဲ့ ဇနီးဟောင်းဝန်ဒါဟာ သူမရဲ့ အိမ်အနီးတွင် တွေ့ဆုံရလေ့ရှိတဲ့ ဖာနန်ဒက်ဇ်အား မက်ဆေ့ချ်ပို့ခဲ့ကြောင်း သတင်းထွက်လာခဲ့ပါတယ်။
ယင်းမက်ဆေ့ချ်ထဲတွင် "ရှင့်ကို အိမ်နီးဝန်းကျင်မှာ တွေ့တယ်။ ရှင်ဆန္ဒရှိရင် ကျွန်မဆီ စာရေးလိုက်လေ"လို့ ရေးသားထားကြောင်း သိရပါတယ်။
ဖာနန်ဒက်ဇ်ဟာ ဝန်ဒါပေးပို့တဲ့ စာကို ဗလန်တီနာအား ပြသခဲ့ကြောင်း သိရပါတယ်။
ဒါပေမယ့် ယခုအခါမှာတော့ ဝန်ဒါက အထက်ပါသတင်းမှာ အခြေအအမြစ်မရှိတဲ့ သတင်းမျှသာ ဖြစ်ကြောင်း ဗလန်တီနာနှင့် တွေ့ဆုံချိန်တွင် ရှင်းပြခဲ့ကြောင်း သိရပါတယ်။
ဝန်ဒါက "ရှင့်ယောင်္ကျားနဲ့ ငါနဲ့ ပတ်သက်ပြီး သူ ပြောနေကြတာ ဘာမှ အခြေအမြစ်မရှိဘူးတာ ရှင်းလင်းဖို့ ဒီအခွင့်အရေးကိုတော့ ယူပါရစေ။ ဒါက သတင်းမှားပါ"လို့ ဆိုသွားပါတယ်။
ဒါ့အပြင် ဝန်ဒါက ဗလန်တီနာကို အကြံပြုမှုအချို့လည်း လုပ်ခဲ့ပါသေးတယ်။
ဆက်လက်ပြီး ၎င်းက "သတင်းတွေ ဖန်တီးလိုက်ပါ။ နာမည်ကျော်ဇောလိုက်ပါ။ ဒီလိုပဲလေ"လို့ ဆိုသွားပါတယ်။
တဖက်တွင် ဗလန်တီနာကလည်း ဝန်ဒါနှင့် ပြဿနာတက်နေတယ်ဆိုတဲ့သတင်းကို လူသိရှင်ကြား ငြင်းဆိုထားပါတယ်။