21 နာရီ - ဘာသာပြန်ပါ။

AI နည်းပညာအရွေ့နှင့်အတူလိုက်ပါပြီး နိုင်ငံအကျိုးပြု IT ပညာရှင်များနှင့်သုတေသနပညာရှင်များဖြင့် ရှင်သန်သက်ဝင်နေသည့် တက္ကသိုလ်များဖြစ်စေရေးကြိုးပမ်း‌ဆောင်ရွက်ရန် ဒုတိယဝန်ကြီးပြောကြား

ပြောင်းလဲတိုးတက်မှုနှုန်းမြန်ဆန်နေသည့် AI နည်းပညာအရွေ့နှင့်အတူလိုက်ပါပြီး နိုင်ငံအကျိုးပြု IT ပညာရှင်များနှင့် သုတေသနများဖြင့်ရှင်သန်သက်ဝင်နေသည့် တက္ကသိုလ်များဖြစ်စေရေးကြိုးပမ်းဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောသည်။

ယမန်နေ့က ကျင်းပသည့် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျုတာတက္ကသိုလ် နှင့် Polytechnic University များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင်ဒုတိယဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် သုတေသနရလဒ်များမှ ပြည်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေးတွင် လက်တွေ့ကျကျ အသုံးချနိုင်ရေးပူးပေါင်းဆောင်ရွက်သွားရန်လည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်ကလည်း ပြောကြားခဲ့သည်။

သုတေသနအခြေပြု တက္ကသိုလ်များအဖြစ် နိုင်ငံနှင့်ဒေသအကျိုးပြုသုတေသနများ စဉ်ဆက်မပြတ်ဆောင်ရွက်ရန် လိုအပ်ပြီး သင်ကြားမှုများကို အဆင့်မြှင့်တင်ရန်၊ သင်ကြားသင်ကြားမှုပတ်ဝန်းကျင်ကောင်းများဖြစ်စေဖို့ ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ကပြောသည်။

လက်ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျုတာတက္ကသိုလ်နှင့် Polytechnic University များသည် သိပ္ပံနှင့်နည်းပညာဆိုင်ရာ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဆောင်ရွက်နေသည့် တက္ကသိုလ်များလည်းဖြစ်သည်။

image