လူ ၂၀၀ နီးပါး သေဆုံးစေခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ကယ်လ်မေဂီ ကမ္ဘောဒီးယားနဲ့ လာအိုကို ဆက်လက်ဦးတည်

တိုင်ဖွန်းမုန်တိုင်း ကယ်လ်မေဂီကြောင့် ဖိလစ်ပိုင်မှာ ၁၈၈ ယောက်နဲ့ ဗီယက်နမ်မှာ ငါးယောက်သေဆုံးခဲ့တယ်လို့ နှစ်နိုင်ငံတာဝန်ရှိသူတွေက ပြောပါတယ်။

မုန်တိုင်းဒဏ်ကို အပြည့်အဝ ခံရပြီးနောက် ဗီယက်နမ် အလယ်ပိုင်းကမ်းရိုးတန်းတလျှောက်ရှိ မြို့တွေမှာ ပျက်စီးမှု‌တွေ များစွာ ဖြစ်ပေါ်ခဲ့ပါတယ်။

မုန်တိုင်းဟာ တနာရီ ၉၂ မိုင်နှုန်းနဲ့ ဗီယက်နမ်အလယ်ပိုင်းကို ဖြတ်ကျော်ပြီးနောက်မှာ အနောက်ဘက်ကို ဦးတည်နေတဲ့ မုန်တိုင်းဟာ လက်ရှိမှာတော့ ကမ္ဘောဒီးယားနဲ့ လာအိုကို ဦးတည်နေပြီဖြစ်ပါတယ်။

မုန်တိုင်းကြောင့် သစ်ပင်တွေ အမြစ်မှ ကျွတ်ထွက်ခြင်း၊ အိမ်ခေါင်မိုးတွေ ကျွတ်ထွက်ခြင်းနဲ့ ပြတင်းမှန်တွေ ကွဲကြေခြင်းတို့ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ စာသင်ကျောင်းတွေနဲ့ အခြားအဆောက်အအုံတွေမှာ ခိုလှုံနေရပါတယ်။

စစ်သားနဲ့ ကယ်ဆယ်ရေး ဝန်ထမ်း နှစ်သိးန်ခြောက်သောင်းကျော်၊ ယာဉ် ၆၇၀၀ ကျော်နဲ့ လေယာဉ်ခြောက်စင်းကို ကယ်ဆယ်ရေးလုပ်ငန်းတွေ အတွက် စေလွှတ်ထားတယ်လို့ ဆိုပါတယ်။

ဗီယက်နမ်အာဏာပိုင်တွေကတော့ မြေနိမ့်ဒေသတွေမှာ ရေကြီးရေလျှံမှု ဖြစ်ပွားနိုင်ကြောင်း သတိပေးထားပါတယ်။ ဗီယက်နမ်အလယ်ပိုင်းမှာ ပြီးခဲ့တဲ့အပတ်ကလည်း စံချိန်တင် မိုးရွာသွန်းမှုကို ကြုံတွေ့ခဲ့ရပြီး လူ ၅၀ သေဆုံးခဲ့ပြီးဖြစ်ပါတယ်။
ယခုအပတ်အစောပိုင်းမှာ စတင်ခဲ့တဲ့ မုန်တိုင်း ကယ်လ်မေဂီဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အစိတ်အပိုင်းအချို့ကို သေဆုံးသူ ၁၄၀ကျော် မြင့်တက်ခဲ့ပြီး ၁၃၅ ယောက် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ နိုင်ငံရှိ လေဆိပ်အချို့နဲ့ အမြန်လမ်းမကြီးအချို့ကို ပိတ်ထားခဲ့ပြီး လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ဖိလစ်ပိုင်အစိုးရဟာ ပစိဖိတ်သမုဒ္ဒရာမှာ နောက်ထပ်တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်နေရပြီး နိုင်ငံတဝန်းမှာ ကပ်ဘေးအခြေအနေ ကြေညာထားပါတယ်။ လက်ရှိအချိန်မှာတော့ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

image