ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ဌက်ဖျားရောဂါထိန်းချုပ်ရေးနှင့် ကွင်းဆင်းဆောင်ရွက်ရန် လိုအပ်သည့် စောင့်ကြပ်ကြည့်ရူရေးလုပ်ငန်းများ တိုးတက်မှုကို ထိခိုက်စေခဲ့
ယခုနှစ် ၈ လအတွင်း ဌက်ဖျားရောဂါဖြစ်ပွားသူ(၁၂၆,၅၂၆) ဦးကို ကုသပေးနိုင်ခဲ့
မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ဌက်ဖျားရောဂါထိန်းချုပ်ရေး၊ ကူးစက်မှုပပျောက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရန် လိုအပ်သည့် ဌက်ဖျားရောဂါဖြစ်ပွားမှုနှင့် စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများ၏ တိုးတက်မှုကို ထိခိုက်စေခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း ကပြောသည်။
ဌက်ဖျားရောဂါတို-က်ဖျက်ရေး စီမံချက်လုပ်ငန်းများကိုဆန်းစစ်ခြင်း ပတ်သက်သည့် ညှိနှိုင်းဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လအထိ ဌက်ဖျားရောဂါဖြစ်ပွားသည့် လူနာ (၁၂၆, ၅၂၆ ) ကို ကုသပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။
ဌက်ဖျားရောဂါ စောင့်ကြပ်ကြည့်ရူလေ့လာခြင်းနှင့် ရောဂါဖြစ်ပွားမှုတုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ရန်နှင့် ရွှေ့ပြောင်းသွားလာသူများအကြား ဌက်ဖျားရောဂါစစ်ဆေးကုသမှုများကို သေချာဆောင်ရွက်ရန်လိုအပ်ကြောင်း ဒေါက်တာအေးထွန်းက ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် မှ ၂၀၂၁ ခုနှစ်အတွင်း ဌက်ဖျားရောဂါဖြစ်ပွားမှု အရေအတွက် ၈၈ ရာခိုင်နှုန်းထိ လျော့ကျခဲ့ပြီး ေ-သဆုံးမှုမှာလည်း ၉၇ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၃၀ ခုနှစ်တွင် ဌက်ဖျားရောဂါပိုးအားလုံး ကူးစက်မှုပပျောက်စေရန်လည်းလုပ်ဆောင်နေပြီး အမျိုးသားဌက်ဖျားရောဂါတို-က်ဖျက်ရေး မဟာဗျုဟာစီမံကိန်း(၂၀၂၆-၂၀၃၀) ကိုလည်း ပြင်ဆင်နေကြောင်း သိရသည်။