အင်္ဂလန်လူစာရင်းတွင် ဂျူ့ဘယ်လင်ဂမ် ပြန်လည် ပါဝင်လာမည်
====================

ဂျူ့ဘယ်လင်ဂမ်ဟာ သောမတ်စ်တူချယ်ရဲ့ အင်္ဂလန်အသင်းလူစာရင်းတွင် ပြန်လည်ပါဝင်လာတော့မှာ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်ရှိ ရီးရဲလ်မက်ဒရစ်အလယ်တန်းကစားသမားဟာ ဇွန်လနောက်ပိုင်းတွင် အင်္ဂလန်အသင်းအတွက် ကစားခွင့်မရလာခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် သူဟာ သောကြာနေ့တွင် တူချယ်ကြေညာလာမယ့် ဆားဘီးယား၊ အယ်ဘေးနီးယားတို့နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များအတွက် အင်္ဂလန်လူစာရင်းတွင် ပြန်လည်ပါဝင်လာမှာ ဖြစ်ကြောင်း သိရပါတယ်။

ဘယ်လင်ဂမ်ဟာ အင်္ဂလန်အတွက် နောက်ဆုံးကစားခဲ့တာ နော်တင်ဟမ်ဖောရက်စ်ရှိ City Ground တွင် ဆီနီဂေါအား ၃-၁ ဖြင့် ရှုံးနိမ့်တဲ့ ခြေစမ်းပွဲစဉ်မှာ ဖြစ်ပါတယ်။

ယင်းနောက် သူဟာ ပုခုံးဒဏ်ရာခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရပြီးနောက် အန်ဒိုရာနှင့် ဆားဘီးယားပွဲတို့ကို လွဲချော်ခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့လ ဝေးလ်၊ လတ်ဗီးယားတို့နှင့်ပွဲစဉ်များအတွက် အင်္ဂလန်လူစာရင်းတွင် ပြန်လည် ပါဝင်လာမယ်လို့ ယူဆခဲ့ရပေမယ့်လည်း ဖီးလ်ဖိုဒန်၊ ဂျက်ဂရဲလ်လစ်ရှ်တို့နှင့်အတူ အံ့ဩသင့်ဖွယ် ချန်လှပ်ခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့် သူဟာ သောကြာနေ့တွင် ကြေညာလာမယ့် အင်္ဂလန်လူစာရင်းတွင် ပြန်လည်ပါဝင်လာမှုနှင့်အတူ အင်္ဂလန်အသင်းအနာဂတ်နှင့်ပတ်သက်ပြီး ယုံကြည်မှု ပိုမို ရှိလာတော့မှာလည်း ဖြစ်ပါတယ်။

နွေရာသီတုန်းက သောမတ်စ်တူချယ်က ဘယ်လင်ဂမ်ရဲ့ ကိုယ်ဟန်အမှုအယာအပြုအမူများ စက်ဆုပ်စရာကောင်းကြောင်း ပြောကြားခဲ့မှုနှင့်အတူ ၎င်းတို့အကြား ဆက်ဆံရေ အေးခဲခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းတွင် တူချယ်က ပြန်လည်တောင်းပန်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ဘယ်လင်ဂမ်ကို တိုက်ရိုက်စကားပြောခဲ့ခြင်း မရှိပါဘူး။

ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားပြီး ဖြစ်တဲ့ အင်္ဂလန်ဟာ လာမယ့်အပတ် ကြာသပတေးနေ့တွင် အိမ်ကွင်းတွင် ဆားဘီးယားကို ဧည့်ခံကစားပြီးနောက် သုံးရက်အကြာတွင် အယ်ဘေးနီးယားအား အဝေးကွင်းမှာ ရင်ဆိုင်ကစားရပါမယ်။

image