ယူနိုက်တက်မှာ အမှားများ ပြုလုပ်ခဲ့ကြောင်း ပြောကြားကာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ဝေဖန်မှုကို အမိုရမ် တုံ့ပြန်လာ
=======================

ယူနိုက်တက်နည်းပြရူဘင်အမိုရမ်က ကလပ်မှာ အမှားများစွာ ပြုလုပ်ခဲ့ကြောင်း ဝန်ခံလာခဲ့ပါတယ်။ ဒါပေမယ့် ပေါ်တူဂီလူမျိုးနည်းပြက အတိတ်တွင် တွယ်ညှိမနေဘဲ ရှေ့ကိုသာ ကြည့်ရတော့မှာ ဖြစ်ကြောင်း ပြောကြားလာပါတယ်။

ယခုအပတ်အစောပိုင်းတုန်းက ပီယာ့စ်မော်ဂန်နှင့် အင်တာဗျူးတွင် ခရစ္စတီယာနိုရော်နယ်ဒိုက အမိုရမ်မှာ ယူနိုက်တက်တွင် အကောင်းဆုံးလုပ်ဆောင်နေပေမယ့်လည်း အံ့ဘနန်းလုပ်ဆောင်လာနိုင်မှာ မဟုတ်ကြောင်း ပြောဆိုသွားပါတယ်။

ဒါ့အပြင် Al Nassr နှင့် ပေါ်တူဂီအသင်းခေါင်းဆောင်က ပေါ်တူဂီကစားဖော်ဟောင်းအမိုရမ်ရဲ့ ယူနိုက်တက်မှ ကစားသမားအချို့တို့မှာ ကောင်းမွန်ပေမယ့် အချို့မှာ ကလပ်အတွက် စိတ်မဝင်စားကြောင်း ဆိုသွားပါတယ်။

စနေနေ့ည စပါးစ်နှင့် အဝေးကွင်းပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ပြောဆိုမှုနှင့်ပတ်သက်ပြီး မေးမြန်းခံလာရချိန်မှာ အမိုရမ်က "သူ(ရော်နယ်ဒို)က သူ ပြောလိုက်တဲ့စကား အကြီးအကျယ်ရိုက်ခတ်တယ်ဆိုတာ သိပါတယ်။ ဒီကလပ်က အတိတ်တုန်းက အမှားတွေ လုပ်ခဲ့တာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ ပြောင်းလဲဖို့ ကြိုးစားနေတယ်။

အတိတ်မှာ ဖြစ်ပျက်ခဲ့တာ အာရုံမစိုက်ကြနဲ့တော့။ ကျွန်တော်တို့ အများကြီး ပြောင်းလဲသွားပြီ။ တည်ဆောက်ပုံတွေ၊ လိုတဲ့ ကစားသမားက ဘယ်လို ပြုမူရမယ်ဆိုတဲ့ ပုံစံတွေ ပြောင်းသွားပြီ။ ကျွန်တော်တို့ ပိုကောင်းနေပါတယ်။ အတိတ်မှာ ဖြစ်ခဲ့တာလေးကို မေပစ်ကြပါစို့"လို့ ပြောကြားသွားပါတယ်။

ရော်နယ်ဒိဟာ ၂၀၀၉ ခုနှစ်တွင် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ယူနိုက်တက်မှ ရီးရဲလ်မက်ဒရစ်သို့‌ ပြောင်းသွားခဲ့ပေမယ့်လည်း ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် ဂျူဗင်တပ်မှ အိုးထရက်ဖို့ဒ်သို့ ပြန်ရောက်လာခဲ့ပါတယ်။

ဒါပေမယ့် သူဟာ ကလပ်နှင့် အဲရစ်တန်ဟက်ကို ဝေဖန်ခဲ့မှုကြောင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပါတယ်။

image