မိုဟာမက်ဆာလက်ကို ခြောက်ပတ်အထိ လက်လွှတ်ရဖို့ ရှိနေတဲ့ လီဗာပူး
==================

မိုဟာမက်ဆာလက်ဟာ ကလပ်နှင့် နိုင်ငံအသင်းအကြား ပြဿနာ မဖြစ်လာစေရန်အတွက် အရေးပါတဲ့ ဆွေးနွေးမှုများ ပြုလုပ်လာတော့မှာ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်ရှိ အီဂျစ်စူပါစတားဟာ မော်ရိုကိုတွင် ကျင်းပမယ့် အာဖရိကဖလားပြိုင်ပွဲမတိုင်မီ စေလွှတ်ရေးနှင့်ပတ်သက်ပြီး ကလပ်နှင့် နိုင်ငံအကြား ပဋိပက္ခာမဖြစ်စေလိုမှုနှင့်အတူ လာမယ့်အပတ်တွင် အီဂျစ်အသင်းနည်းပြဟိုဆမ်ဟက်စ်ဆန်နှင့် ဆွေးနွေးမှု ပြုလုပ်လာပါမယ်။

အီဂျစ်ဟာ အာဖရိကဖလားပြိုင်ပွဲမတိုင်မီ တစ်ပတ်အလိုမှ စတင်ကာ ကိုင်ရိုတွင် စခန်းသွင်းလေ့ကျင့်မှု ပြုလုပ်လာမှာ ဖြစ်ပြီး ဒီဇင်ဘာလ ၈ ရက်နေ့တွင် နိုင်ဂျီးရီးယားနှင့် ခြေစမ်းပွဲ ကစားလာပါမယ်။

နိုင်ငံတကာဘောလုံးစည်းမျဉ်းအရ အီဂျစ်အနေဖြင့် ယင်းခြေစမ်းပွဲနှင့် စခန်းသွင်းလေ့ကျင့်မှုအတွက် ဆာလက်ကို ဆင့်ခေါ်ပိုင်ခွင့် ရိနေပါတယ်။

ဒါပေမယ့် လီဗာပူးက ယင်းအပတ်တွင် ကစားရမယ့် အင်တာမီလန်နှင့် ချန်ပီယံလိဂ်ပွဲ၊ ဘရိုက်တန်နှင့် ကစားရမယ့် ပရီးမီးယားလိဂ်ပွဲတို့တွင် မိုဟာမက်ဆာလက်အား အသုံးပြုနေပါတယ်။

Daily Mail သတင်းစာရဲ့ ဖော်ပြမှုအရ ဆာလက်ကိုယ်တိုင်ကလည်း လက်ရွေးစင်အသင်းနှင့် မပူးပေါင်းမီ ယင်း ၂ ပွဲအား ကစားလိုနေပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်တုန်းက လီဗာပူးဟာ ဆာလက်အား စောစောစီးစီး မစေလွှတ်ရရေးအတွက် အီဂျစ်နှင့် အောင်မြင်စွာ ဆွေးနွေးခဲ့ဖူးပါတယ်။

ယင်းဆုံးဖြတ်ချက်ကြောင့် အီဂျစ်ပရိသတ်များရဲ့ အကြီးကျယ်ဒေါသထွက်ခဲ့ကြပါတယ်။

ယင်းနောက်ပိုင်းတွင် လီဗာပူးနှင့် အီဂျစ်အကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာခဲ့ပေမယ့် နောက်ထပ် ပွတ်တိုက်မှု ဖြစ်နိုင်တဲ့ အခြေအနေ ထပ်မံ ကြုံလာရပြန်ပါတယ်။

ဆာလက်ဟာ အီဂျစ်အတွက် ၁၀၈ ပွဲကစားထားရာမှာ ၆၃ ဂိုးသွင်းယူထားသူ ဖြစ်ပြီး အီဂျစ်နည်းပြဟက်စ်ဆန်ရဲ့ စံချိန်ကို ရိုက်ချိုးရေး ပစ်မှတ်ထားနေပါတယ်။ သူဟာ အီဂျစ်ရဲ့ ၈ ကြိမ်မြောက် အာဖရိကဖလား ဆွတ်ခူးရေးတွင် အဓိကနေရာမှ ပါဝင်နေသူလည်း ဖြစ်ပါတယ်။

အာဖရိကဖလားပြိုင်ပွဲကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ဇွန်လ ၁၈ ရက်နေ့အထိ ကျင်းပလာမှာ ဖြစ်ပြီး တကယ်လို့များ အီဂျစ်သာ ဗိုလ်လုပွဲသို့အထိ တက်ရောက်လာပါက ဆာလက်မှာ လီဗာပူးရဲ့ ပြိုင်ပွဲအရပ်ရပ် ၇ ပွဲမှ ၈ ပွဲအထိ လွဲချော်လာပါမယ်။
ဆာလက်လွဲချော်လာနိုင်တဲ့ လီဗာပူးပွဲများမှာ စပါးစ်(အဝေး)၊ ဝုဗ်(အိမ်)၊ လိဒ်(အိမ်)၊ ဖူလ်ဟမ်(အဝေး)၊ အာဆင်နယ် (အဝေး)၊ ဘန်လေ(အိမ်)တို့ပွဲအပြင် မာဆေးနှင့် ချန်ပီယံလိဂ်ပွဲစဉ်နှင့် အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်တို့ ဖြစ်ကြပါတယ်။

image