2 ရက် - ဘာသာပြန်ပါ။

ဝင်ဘာလေကွင်းတွင် ကစားမယ့် အင်္ဂလန်နှင့် ခြေစစ်ပွဲအတွက် ကိုယ့်ပရိသတ်များကို လက်မှတ်ရောင်းချရန် ဆားဘီးယားငြင်းဆို
===================

ဆားဘီးယားဟာ လာမယ့်အပတ် ဝင်ဘာလေကွင်းတွင် အင်္ဂလန်နှင့် ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် လက်မှတ်ရောင်းချရန် ငြင်းဆိုထားပါတယ်။

ဆားဘီးယားဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအား ပလေးအော့ဖ်မှ ဝင်ရောက်ရေး အင်္ဂလန်နှင့် အရေးပါတဲ့ပွဲ ကစားရမှာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဆားဘီးယားဟာ နိုဝင်ဘာလ ၁၃ ရက်နေ့ပွဲအတွက် ဆားဘီးယားပရိသတ်များကို လက်မှတ်ရောင်းချရန် ငြင်းဆိုထားပါတယ်။

ဆားဘီးယားဘောလုံးအဖွဲ့ချုပ်ဟာ ယခင်ပွဲများတွင် ပရိသတ်များ ပြဿနာရှာဖွေခဲ့မှုများကြောင့် ယခုကဲ့သို့ လက်မှတ်မရောင်းရန် ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဖီဖာစည်းကမ်းထိန်းသိမ်းရေးကော်မတီဟာ အောက်တိုဘာလ ၁၁ ရက်နေ့ အယ်ဘေးနီးယားနှင့်ပွဲစဉ်မျ ပရိသတ်များရဲ့ အပြုအမူကြောင့် ဆားဘီးယားကို ပေါင် ၈၃၀၀၀(ဆွစ်ဖရန့် ၈၇၅၀၀) ဒဏ်ရိုက်ခဲ့ပြီး ဖြစ်ပါတယ်။

ဆားဘီးယားဟာ အယ်ဘေးနီးယားအသင်း နိုင်ငံတော်သီချင်းသီဆိုစဉ် အပြုအမူနှင့် ပွဲအတွက် ခွဲခြားဆက်ဆံတဲ့ အပြုအမူများကြောင့် ဒဏ်ရိုက်ခံခဲ့ရတာပါ။

ဒါ့အပြင် ဆားဘီးယားဟာ နိုဝင်ဘာလ ၁၆ ရက်နေ့ လတ်ဗီးယားနှင့်ပွဲကို ကွင်းဝင်ဆန့်ပမာဏရဲ့ ၂၅ ရာခိုင်နုန်းလျှော့ချပြီး ကစားရပါဦးမယ်။

အင်္ဂလန်အသင်းက ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားပြီး ဖြစ်ကာ ဆားဘီးယားက ဒုတိယနေရာမှ အယ်ဘေးနီးယားနှင့် ၁ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေပါတယ်။

image