1 ပတ် - ဘာသာပြန်ပါ။

ဗီလာ-မက္ကဘီပွဲစဉ်တွင် ရာပေါင်းများစွာသော ပါလက်စတိုင်းထောက်ခံသူများ ဆန္ဒပြ
=====================

အက်စတွန်ဗီလာနှင့် မက္ကဘီတဲလ်အဗစ်တို့ရဲ့ ယူရိုပါလိဂ်ပွဲစဉ်တွင် ဘာမင်ဂမ်မှာ လူရာပေါင်းများစွာတို့ ဆန္ဒပြခဲ့ကြပါတယ်။
ယခုပွဲစဉ်မတိုင်မီကတည်းက ဆန္ဒပြလာမယ်ဆိုတာ သိထားတဲ့ ရဲတပ်ဖွဲ့ဟာ ယခုပွဲတွင် ရဲတပ်ဖွဲ့ဝင် ၇၀၀ ကျော်အထိ အင်အားအလုံးအရင်း အသုံးပြုကာ လုံခြုံရေးပေးသွားခဲ့ပြီး လူ ၁၁ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရပါတယ်။

ကြီးမားတဲ့ ပါလက်စတိုင်းထောက်ခံသူ လူအုပ်ကြီးက နဖူးစည်းများ၊ အလံများ လွှင့်ကာ ဗီလာပါ့ခ်တွင် ဆန္ဒပြခဲ့ကြသလို ယခုပွဲအား အဝေးကွင်းပရိသတ်များကို တက်ရောက်ခွင့် မပြုမှုအတွက် အစ္စရေးထောက်ခံသူ လူအုပ်ငယ်ကလည်း ကွင်းသို့ စုစည်းချီတက်ဆန္ဒပြခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဟာ ယခုပွဲတွင် လုံခြံရေးအတွက် ရဲတပ်ဖွဲ့ဝင် ၇၀၀ ကျော် အသုံးပြုသွားတဲ့အပြင် ခွေး၊ မြင်းနှင့် ဒရုန်းတပ်ဖွဲ့ဝင်များကိုလည်း အသုံးပြုခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းမှု ပြုလုပ်ခဲ့သူများထဲမှ ၅ ဦးကို လူမျိုးရေးခွဲခြားမှုဖြင့် အများပြည်သူငြိမ်ဝပ်ပိပြားရေးပြစ်မှုဖြင့် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ယင်းမှ အသက် ၂၁ နှစ်အရွယ် လူတစ်ဦးကို ကွင်းအတွင်းသို့ မီးရှူးပစ်လွှတ်ရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီးခဲ့ပြီး အခြားတစ်ဦးကို မူးယစ်ဆေးရောင်းချရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီးခဲ့ရပါတယ်။

အခြား အသက် ၂၁ နှစ်ရှိ လူတစ်ဦးကို မျက်နှာဖုံးချွတ်ရန် ငြင်းဆိုမှုအတွက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သလို အခြားလူတစ်ဦးကို ငြိမ်းချမ်းရေးစည်းမျဉ်းချိုးဖောက်မှုဖြင့် ဖမ်းဆီးခဲ့တာပါ။

ပါလက်စတိုင်းထောက်ခံသူများဟာ ကွင်းအတွင်းပြင်ဘက် အလံများ၊ နဖူးစည်းများ လွှင့်ကာ ဂါဇာတွင် အကြမ်းဖက်မှုများ အဆုံးသတ်ရေး တောင်းဆိုခဲ့ကြပါတယ်။

တဖက်တွင် အစ္စရေးထောက်ခံသူများကလည်း ပွဲမတိုင်မီ ကွင်းသို့ ရောက်ချလာကာ ဂျူ့မုန်းတီးရေးဆန့်ကျင်တဲ့ စာသားများကို လျှပ်စစ်ဆိုင်းဘုတ်ဖြင့် ပြသခဲ့ပါတယ်။ ယင်းအထဲက စာသားတစ်ခုမှာ Ban hatred not fans ဆိုတဲ့စာသားဖြစ်ပါတယ်။

အက်စတွန်ဗီလာဟာ ပြီးခဲ့တဲ့လတုန်းက အာဏာပိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ယခုပွဲအား အစ္စရေးပရိသတ်များ ဝင်ရောက်ကြည့်ခွင့်ပိတ်ပင်ရန် ဆုံးဖြတ်ခဲ့ပါတယ်။

ယင်းဆုံးဖြတ်ချက်ကို နိုင်ငံရေးသမားက ဆန့်ကျင်ခဲ့ကြပြီး ယင်းကိစ္စမှာ လွတ်တော်တွင် ဆွေးနွေးရတဲ့အထိ ကြီးမားလာခဲ့ပါတယ်။

မနေ့ညကပွဲတွင် အက်စတွန်ဗီလာဟာ မက္ကဘီအား အီယန်မတ်ဆန်၊ မာလန်တို့ရဲ့ ဂိုးတွေဖြင့် ၂-၀ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

image