2 ရက် - ဘာသာပြန်ပါ။

ဖီဖာအကောင်းဆုံးဆု ဆန်ကာတင်စာရင်း ထုတ်ပြန်
-----------------------

ဖီဖာတစ်နှစ်တာအကောင်းဆုံးဆုတွေအတွက် ဆန်ကာတင်စာရင်းကို နိုဝင်ဘာ ၆ ရက်နေ့က ထုတ်ပြန်လိုက် ပါတယ်။ တစ်နှစ်တာအကောင်းဆုံး အမျိုးသားဆုအတွက် ဆန်ကာတင်စာရင်းမှာ ပီအက်စ်ဂျီအသင်း ကစားသမား အများစုပါဝင်ခဲ့ပြီး ရွှေဘောလုံးဆုတုန်းက အကြိတ်အနယ်ဖြစ်ခဲ့တဲ့ ဒမ်ဘီလီနဲ့ ယာမယ်တို့ရဲ့ နောက်ထပ်အားပြိုင် မှုတစ်ခုကို ထပ်ပြီးမြင်တွေ့ရဖို့ရှိနေပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူး ဒမ်ဘီလီက ဘာစီလိုနာတောင်ပံကစားသမား ယာမယ်ကို ကျော်ဖြတ်ပြီး ရွှေဘောလုံးဆု ကိုရယူနိုင်ခဲ့သလို အခု ဖီဖာအကောင်းဆုံးဆုမှာရော ကျော်ဖြတ်သွားနိုင် မလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။ ဒီကစားသမား ၂ ယောက်စလုံးက ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း အသင်းတွေအတွက် ခြေစွမ်း ကောင်းတွေ ပြသထားကြပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ အခြားကစားသမားတွေ ဖြစ်ကြတဲ့ ဗီတင်ဟာ၊ ဟာကီမီနဲ့ နူနိုမန်ဒက်စ်တို့လည်း ဆန်ကာ တင်စာရင်းမှာ ပါဝင်လာခဲ့ပြီး ပရီးမီးယားလိဂ် ကစားသမားတွေထဲက ဆာလက်ရှ်နဲ့ ပယ်လ်မာတို့ ဆန်ကာ တင်စာရင်းမှာပါဝင်လာပါတယ်။ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကိုတော့ ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံ လိဂ်ဆုကို ရယူနိုင်ခဲ့တဲ့ စပိန်လူမျိုးနည်းပြ အင်းနရစ် ရဖို့ ရေပန်းစားနေတယ်။ နည်းပြဆုအတွက် ဆန်ကာတင် စာရင်းမှာတော့ လီဗာပူးနည်းပြ စလော့၊ အာဆင်နယ်နည်းပြ အာတီတာနဲ့ ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်တို့ ပါဝင်နေပါတယ်။

image