မက္ကဆီကိုသမ္မတကို လူပုံအလယ် မဖွယ်မရာပြုမူခဲ့သည့် အမျိုးသားအား တရားစွဲမည်

မက္ကဆီကိုနိုင်ငံ၏ ပထမဆုံးအမျိုးသမီးသမ္မတဖြစ်လာသူ ကလော်ဒီယာရှိုင်းဘမ်းက လူမြင်ကွင်းတွင် ၎င်းအား မဖွယ်မရာပြုမူခဲ့သည့်အမျိုးသားကို တရားစွဲဆိုသွားမည်ဟု ကြေညာလိုက်သည်။

နိုဝင်ဘာ ၄ ရက်က မက္ကဆီကိုစီးတီးတွင် ထောက်ခံသူတစ်စုကို သမ္မတရှိုင်းဘမ်းက စကားပြောနေစဉ် အနောက်မှအမျိုးသားတစ်ဦး ချဉ်းကပ်လာပြီး လည်ပင်းကိုနမ်းရန်ပြင်ပြီးနောက် သမ္မတ၏ ခန္ဓာကိုယ်ကို ထိကိုင်ရန်အထိ ကြိုးပမ်းခဲ့သည်။
ထို့နောက် သမ္မတ၏ အဖွဲ့ဝင်တစ်ဦးက ဝင်တားခဲ့သော်လည်း သမ္မတက သိသိသာသာ တုန်လှုပ်ပုံပြခဲ့သည်။ ထိုအမျိုးသားကိုလည်း ဖမ်းဆီးလိုက်သည်။

နိုဝင်ဘာ ၅ ရက်သတင်းစာရှင်းလင်းပွဲတွင် သမ္မတရှိုင်းဘမ်းက “ တစ်ကယ်လို့ ကျွန်မ ဒီကိစ္စကို တိုင်ချက်မဖွင့်ဘူးဆိုရင် ကျန်တဲ့မက္ကဆီကို အမျိုးသမီးတွေ ဘာဖြစ်ကုန်မလဲ။ သမ္မတကိုတောင် ဒီလိုလုပ်ရဲရင် ဒီနိုင်ငံထဲက အမျိုးသမီးတွေအားလုံး ဘာဖြစ်ကုန်မလဲ။အရင်ကလည်း ဒီလိုကြုံဖူးပါတယ်။ သမ္မတမဖြစ်ခင်က ၊ ကျောင်းသူဘဝတုန်းကပါ"ဟု ပြောကြားခဲ့သည်။

image