2 ရက် - ဘာသာပြန်ပါ။

အခန်းဝယ်ယူခွင့်ပြုကြောင်း အကြောင်းကြားစာအတုပြုလုပ်ပြီး လိမ်လည်မှုများရှိနေသဖြင့် သတိထားကြရန် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်

အခန်းဝယ်ယူခွင့်ပြုကြောင်း အကြောင်းကြားစာအတုပြုလုပ်ပြီး လိမ်လည်မှုများရှိနေသဖြင့် သတိထားကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ထုတ်ပြန်သည်။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အခန်းဝယ်ယူခွင့်ပြုကြောင်း အကြောင်းကြားစာကို အတုအပပြုလုပ်၍ လည်းကောင်း၊ အီးမေးလ်အတုများဖွင့်၍လည်းကောင်း လိမ်လည်၍ အခန်းများရောင်းချခြင်း၊ ငွေလွှဲခိုင်းခြင်းတို့ ပြုလုပ်လျက်ရှိသဖြင့် ရောင်းမှားဝယ်မှား မဖြစ်စေရန် သတိပေးကြေညာအပ်ကြောင်း၊ သိရှိလိုသည်များကို ဌာနသို့
လူကိုယ်တိုင်လာရောက်ဆက်သွယ်နိုင်ကြောင်း ဦးစီးဌာနက ထုတ်ပြန်သည်။

လိမ်လည်သူများက အခန်းဝယ်ယူသူများထံ အကြောင်းကြားစာအတုတွင် အခန်းဝယ်ယူခွင့်ပြုကြောင်း အကြောင်းကြားသည်ဟုဆိုကာ အခန်းအတွက် ကျသင့်တန်ဖိုးငွေ ၃၀ ရာခိုင်နှုန်းကို ဘဏ်စာရင်းအမှတ်သို့ ပေးသွင်းရမည်ဖြစ်ကြောင်း၊အကြောင်းကြားစာလက်ခံရရှိပြီး ၁၅ ရက်အတွင်း ပေးသွင်းရမည်ဖြစ်ပြီး ငွေပို့ပြေစာကို အီးမေးလ်မှတစ်ဆင့်ဖြစ်စေ၊ နေပြည်တော်ရှိ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးရုံးသို့ဖြစ်စေ ကိုယ်တိုင်ပေးပို့ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

image