ထိုင်းနိုင်ငံမှာ အလွန်ရှားပါးတဲ့ "ခရမ်းရောင်
(မင်းသမီးဂဏန်း သို့မဟုတ် ဆီရီဒုံဂဏန်း) တစ်မျိုးကို တွေ့ရှိခဲ့ပါတယ်
တွေ့ရှိတဲ့နေရာကတော့ထိုင်းနိုင်ငံ၊ Kaeng Krachan အမျိုးသားဥယျာဉ်ထဲမှာ ပန်းခြံဝန်ထမ်းတွေက တွေ့ရှိခဲ့တာပါ။
သူ့ကို Sirindhorn crab (ဆီရီဒုံ ဂဏန်း) လို့လည်း ခေါ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ သဘာဝသမိုင်းကို စိတ်ဝင်စားအောင် ကူညီခဲ့တဲ့ မင်းသမီး Maha Chakri Sirindhorn ကို ဂုဏ်ပြုပြီး နာမည်ပေးထားတာပါ။
ပုံပန်းသဏ္ဌာန်နဲ့အရွယ်အစားက အကြွေစေ့လောက်ပဲ ရှိပြီး၊ ခြေထောက်တွေက ခရမ်းရောင်ရင့်နဲ့ လက်မတွေက အဖြူဖျော့ရောင် ရှိပါတယ်။
ဒီဂဏန်းလေးတွေ ရှိနေခြင်းဟာ အဲဒီဒေသက စမ်းချောင်းရေတွေ သန့်ရှင်းပြီး ဂေဟစနစ် ကောင်းမွန်နေဆဲ ဆိုတာကို ပြတဲ့ အညွှန်းကိန်းတစ်ခု ဖြစ်ပါတယ်။ဒီဂဏန်းတွေဟာသန့်ရှင်းတဲ့ စမ်းချောင်းတွေမှာ နေထိုင်တာ ကြလို့ပါ။
Suggestion: မူလသတင်းအချက်အလက်ပေါ်မူတည်ပြီးအခြေခံဗဟုသုတအဖြစ်ဖတ်ရှူရအဆင်ပြေအောင်ရေးသားထားခြင်းဖြစ်ပါသည်။(စိတ်ကျေနပ်မှူမရှိပါက မိမိကိုယ်တိုင်လေ့လာနိုင်စေရန် Sourceများပူတွဲတင်ပြထားပါသည်)