KK Park နယ်မြေမှ ပြည်ပနိုင်ငံသား(၁၈)ဦးကို ထပ်မံထိန်းသိမ်း
-----------------------

ကရင်ပြည်နယ်၊ မြဝတီ-မဲထော်သလေး KK Park နယ်မြေမှာ အွန်လိုင်းလောင်းကစားမှုတွေ၊ အွန်လိုင်း လိမ်လည် မှုတွေ ကျူးလွန်ခဲ့ကြတဲ့ ပြည်ပနိုင်ငံသား (၁၈)ယောက်ကို နိုဝင်ဘာ ၅ ရက်က ထပ်မံ စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကနေ သိရပါတယ်။

စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့တဲ့ ပြည်ပနိုင်ငံသားတွေကတော့ ဖိလစ်ပိုင်နိုင်ငံသား (၁၅)ယောက်၊ အီသီယိုးပီး ယားနိုင်ငံသား (၂)ယောက်နဲ့ တရုတ်နိုင်ငံသား (၁)ယောက် စုစုပေါင်း ပြည်ပနိုင်ငံသား (၁၈)ယောက်ကို ထပ်မံ ထိန်းသိမ်းနိုင်ခဲ့ပြီး နိုင်ငံပေါင်း ၁၇ နိုင်ငံက ပြည်ပနိုင်ငံသား (၁၄၃)ယောက်ကိုလည်း ထပ်မံစစ်ဆေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို ထိန်းသိမ်းနိုင်ခဲ့တဲ့ ပြည်ပနိုင်ငံသားတွေကို သက်ဆိုင်ရာနိုင်ငံတွေကို အမြန်ဆုံး ပြန်လည်လွှဲပြောင်းနိုင်ရေး အတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေက လိုအပ်တဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ မှတ်တမ်းစာရင်း ကောက် ယူတာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အခုနှစ် ဇန်နဝါရီ (၃၀)ရက်ကနေ နိုဝင်ဘာ (၅)ရက်အထိ မြန်မာနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ ပြည်ပနို င်ငံသား (၁၀၇၆၂)ယောက်ကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး အဲဒီထဲက (၉၄၀၃) ယောက်ကို ထိုင်းနိုင်ငံက တစ်ဆင့် သက်ဆိုင်ရာနိုင်ငံတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ကျန်ရှိတဲ့ ပြည်ပနိုင်ငံ သား (၁၃၅၉)ယောက်ကိုလည်း သက်ဆိုင်ရာ နိုင်ငံတွေကို လွှဲပြောင်းပေးဖို့ အသင့်ဖြစ်နေပြီ ဖြစ်တယ်လို့ သိရပါ တယ်။

image