ရှယ်ယာတစ်စုကို အမြတ် ၅၀ ကျပ် MADPL ကုမ္ပဏီ ခွဲပေးမည်
----------------------

ရန်ကုန်စတော့အိတ်ချိန်းက Pre Listing Board စာရင်းဝင် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုး တက်ရေးအများပိုင်ကုမ္ပဏီ(MADPL)ကနေ အစုရှယ်ယာတစ်စုကို အမြတ်ငွေ ၅၀ ကျပ် ခွဲဝေပေးမယ်လို့ ရန်ကုန် စတော့အိတ်ချိန်းက ထုတ်ပြန်ပါတယ်။ အဲဒီကုမ္ပဏီဟာ ရန်ကုန်စတော့အိတ်ချိန်းက ထပ်မံထူထောင်ထားတဲ့ ဒုတိယဈေးကွက်ဖြစ်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ပြုလုပ်ခဲ့တဲ့ ဒါရိုက်တာအဖွဲ့အစည်းအဝေးမှာ ၂၀၂၄- - ၂၀၂၅ ဘဏ္ဍာနှစ် အတွက် ခွဲဝေပေးမဲ့ သာမန်အစုရှယ်ယာတစ်စုကို အမြတ်ငွေ ၅၀ ကျပ် ခွဲဝေပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အခုနိုဝင်ဘာလ ၆ ရက်အထိ စတော့ရှယ်ယာ အရောင်းအဝယ်လုပ်ဆောင်ထားတဲ့ ရှယ်ယာရှင်တွေက အခုခွဲဝေ ပေးမဲ့ အမြတ်ဝေစုကို ခံစားခွင့်ရရှိမှာပါ။

နိုဝင်ဘာ ၁၀ ရက်မှာတော့ အမြတ်ဝေစုကို ခံစားခွင့်ရရှိမဲ့ ရှယ်ယာရှင်တွေကို အတည်ပြုမှာဖြစ်ပြီး စုစုပေါင်း အမြတ်ခွဲဝေပေးမဲ့ ပမဏက ကျပ် ၅၀၃ သန်းကျော် ဖြစ်တယ်လို MADPL က အသိပေးထားပါတယ်။ ရှယ်ယာရှင်တွေကို အမြတ်ခွဲဝေပေးမဲ့ရက်ကိုတော့ ဒီဇင်ဘာလမှာ ကျင်းပမဲ့ ဒွာဒသမအကြိမ်မြောက် နှစ်ပတ် လည် အထွေထွေအစည်းအဝေးပြီး နောက်ပိုင်းမှာ အသိပေးကြေညာမယ်လို့ သိရပါတယ်။

ရန်ကုန်စတော့အိတ်ချိန်း Main Board မှာ အများပိုင်ကုမ္ပဏီ ၈ ခုနဲ့ နေ့စဉ်အစုရှယ်ယာ အရောင်း အဝယ် ဆောင် ရွက်နေပြီး Pre-Listing Board မှာတော့ လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့ ကုမ္ပဏီ MADPL တစ်ခု တည်းသာ အရောင်းအဝယ် ဆောင်ရွက်နေတာဖြစ်ပါတယ်။ နိုဝင်ဘာ ၆ ရက် မနက်ပိုင်း Pre-Listing Board မှာ MADPL က စတော့ရှယ်ယာတစ်စောင်ကို ၂၇၀၀ ကျပ်နဲ့ ဈေးဖွင့်ကာ အရောင်းအဝယ်လုပ်ဆောင်ခဲ့တယ်လို့ ရန်ကုန်စတော့ အိတ်ချိန်းရဲ့ ဖော်ပြထားချက်အရ သိရပါတယ်။

image