မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည်ဆိုသည့်သတင်းများ ထွက်ပေါ်နေ

ထိုင်း-မြန်မာ ကုန်စည်စီးဆင်းရာတွင်အဓိကကျသည့် လမ်းမကြီးဖြစ်သော မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည်ဆိုသည့် သတင်းများ ထွက်ပေါ်လျှက်ရှိသည်။

လက်ရှိတွင် အချို့ကားငယ်များ ဖြတ်သန်းသွားလာနေသည်ဟု သတင်းများပျံ့နှံ့နေမှုအပေါ် ပေါ်ပြူလာနယူးစ်က စုံစမ်းခဲ့ရာ ယခုရက်ပိုင်းအတွင်း ဖြတ်သန်းခွင့်ပြုမည်ဟု သိရသော်လည်း အတည်မပြုနိုင်သေးကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

"တနေ့က ကျွန်တော် အာရှလမ်းမအတိုင်း မောင်းသွားတယ်။ ကော့ကရိတ်အထိ ရောက်တယ်။ ကော့ကရိတ်ရောက်တော့ ပေးမဖြတ်ဘူး၊ ပြန်လှည့်လာရတယ်။၊ လမ်းတလျှောက်တော့ လုံခြုံရေးယူထားတာမျိုးရှိတယ်။ ဘာမှတော့ တားစစ်တာမျိုးမရှိဘူး။ ကော့ကရိတ်ရောက်မှ အရပ်သားကားတွေ ပေးမဖြတ်သေးဘူးဆိုလို့ ပြန်လှည့်လာရတာ"ဟု ၎င်းက ရှင်းပြ သည်။
အာရှလမ်းမကြီးတလျှောက်တွင် တပ်မ ၄၄၊ တပ်မ၅၅နှင့် တပ်မ၂၂ တို့ အပိုင်းအလိုက် လုံခြုံရေးယူထားပြီး၊ တပ်မ ၂၂၏ ကွပ်ကဲမှုအောက်တွင်ရှိနေသည်ဟု ၎င်းက ဆိုသည်။

တပ်မတော်က အာရှလမ်းမကြီးကို ပြန် လည်ထိန်းချုပ်နိုင်ပြီးနောက်ပိုင်း အဆိုပါသတင်းများထွက်ပေါ်နေပြီး ၊ ဒေသတွင်းခရီးသွားများနှင့် ကုန်စည်ကူးသန်းသွားလာနေသူများက အမြန်ဆုံးခွင့်ပြုရန်ဆန္ဒရှိနေကြကြောင်း သိရသည်။

အာရှလမ်းမကြီးကို တပ်မတော်က ထိန်းချုပ်ပြီးနောက်ပိုင်း ဒေါနတောင်လမ်းဟောင်းပိုင်းကိုပါ ဖြတ်သန်းသွားလာခွင့် ပိတ်ထားပြီး၊ ယခုအခါ ထို့ကော်ကိုးလမ်းပိုင်းကို သွားလာခွင့်ပြုထားကြောင်း သိရသည်။

"ထို့ကော်ကိုးလမ်းပိုင်းကလည်း မိုးရွာထားတော့ လမ်းတွေပြန်ပျ-က်စီးနေတယ်။ အာရှလမ်းမကို ပြန်ဖွင့်ဖို့တော့ဒေသခံခရီးသွားဖို့က လိုချင်ကြတယ်"ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ကော့ကရိတ်-မြဝတီလမ်းပိုင်းကို တပ်မတော်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးတို-က်ခို-က်လာပြီး သင်္ဃန်းညီနောင်ဗျူဟာကိုလည်း ပြန်လည်သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်သည်။

image