ပရီးမီးယားလိဂ်ကို လွမ်းမောမိကြောင်း ပိုချက်တီနို
ပြောကြား

အာဂျင်တီးနားလူမျိုးနည်းပြ ပိုချက်တီနိုက
ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံး လိဂ်ဖြစ်ပြီး လွမ်းဆွတ်မိတယ်လို့ ပြောခဲ့ပါတယ်။
ပိုချက်တီနိုက ဆောက်သမ်တန်၊ စပါး၊ ချယ်လ်ဆီးစတဲ့
ပရီးမီးယားလိဂ်အသင်းတွေကိုတာဝန်ယူခဲ့ဖူးသူ
ဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းနဲ့အတူ ထင်ရှားလာတဲ့
ပိုချက်တီနိုက စပါးအသင်းကိုပရီးမီးယားလိဂ်ထိပ်သီးအသင်းတစ်သင်းဖြစ်အောင် ဉီးဆောင်ပေးနိုင်ခဲ့ပြီး
၂၀၁၉ ချန်ပီယံလိဂ်ဖိုင်နယ်ကို
ပို့ဆောင်ပေးခဲ့ပါတယ်။

ပိုချက်တီနိုက " ပရီးမီးယားလိဂ်က
ကမ္ဘာ့အကောင်းဆုံးလိဂ်ဖြစိပြီး တကယ်လွမ်းမိပါတယ်။ အမေရိကမှာ ကျွန်တော်ပျော်ရွှင်နေပေမယ့်
တနေ့ကျရင်ပရီးမီးယားလိဂ်ကို ပြန်ပြီးနည်းပြချင်ပါတယ်။ ပရီးမီးယားလိဂ်က ပြိုင်ဆိုင်မှု
အပြင်းထန်ဆုံးလိဂ်ဖြစ်ပါတယ်" လို့ပြောပါတယ်။

ပိုချက်တီနိုက ပရီးမီးယားလိဂ်နည်းပြဘဝမှာ
ဆုဖလားမရပေမယ့် PSG အသင်းနဲ့အတူ
ပြင်သစ်လီဂူး၊ ပြင်သစ်ဖလားချန်ပီယံဆုတွေ
ဆွတ်ခူးနိုင်ခဲ့ပါတယ်။

image