ဘိုင်ယန်နှင့်ပွဲတွင် ချေပဂိုးအား VAR က ငြင်းပယ်လိုက်ပြီးနောက် ဥမင်လှိုဏ်ခေါင်းသို့ ဒေါသတကြီး ထွက်ခွာသွားခဲ့တဲ့ ဒမ်ဘီလီ
======================

အူစမာနီဒမ်ဘီလီဟာ ဘိုင်ယန်မြူးနစ်နှင့်ပွဲတွင် ဂိုးအား ခွင့်ပြုခြင်းမခံခဲ့ရပြီးနောက် စက္ကန့်ပိုင်း အကြာမှာပင် ဥမင်လှိုဏ်ခေါင်းသို့ ဆင်းသွားခဲ့ပါတယ်။

Bllon d'Or ဆုရှင်ဟာ မနေ့ညကတုန်းက ဘိုင်ယန်မြူးနစ်နှင့်ပွဲတွင် ပွဲချိန် ၂၃ မိနစ်မှာ ပီအက်စ်ဂျီအတွက် ချေပဂိုးအား သွင်းယူခဲ့ပါတယ်။

ဒါပေမယ့် VAR က ဒမ်ဘီလီကို လူကျွံနေတယ်ဆိုပြီး ဂိုးအဖြစ် သတ်မှတ်မပေးခဲ့ပါဘူး။

ယင်းအချိန်တွင် ဘိုင်ယန်မြူးနစ်က ၁-၀ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာ တစ်ယောက်အထုတ်ခံခဲ့ရပေမယ့်လည်း ၂-၁ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

တဖက်တွင် ဒမ်ဘီလီဟာ ခွင့်ပြုခြင်းမခံခဲ့ရတဲ့ ဂိုးအား သွင်းယူပြီးနောက် ၂ မိနစ်အကြာတွင် လူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။
ပြင်သစ်တိုက်စစ်သမားဟာ ဒဏ်ရာရရှိကာ လူစားလဲခဲ့ရတာ ဖြစ်ပြီး ဥမင်လှိုဏ်ခေါင်းသို့ ဒေါသတကြီး ဆင်းသွားခဲ့တာ တွေ့ရပါတယ်။

အသက် ၂၈ နှစ်ရှိ ဒေါ့မွန်နှင့် ဘာစီလိုနာတိုက်စစ်သမားဟောင်းဟာ ဒဏ်ရာကြောင့် ဘိုင်ယန်မြူးနစ်နှင့်ပွဲကို လွဲချော်မယ်လို့ ယူဆခြင်းခံခဲ့ရသူပါ။

သူဟာ ပြီးခဲ့တဲ့အပတ် နိုက်စ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။ သူဟာ ယင်းပွဲတွင် ပွဲထွက်ကစားနိုင်ခဲ့ခြင်း မရှိဘဲ ၇၃ မိနစ်မှာ လူစားဝင်ကစားနိုင်ခဲ့တာပါ။

သူဟာ တံကောက်ကြောဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီးနောက် ပြိုင်ပွဲအရပ်ရပ်တွင် ၄ ပွဲ ကစားထားနိုင်ပါတယ်။

image