4 ပတ် - ဘာသာပြန်ပါ။

ချန်ပီယံလိဂ်တွင် ခရစ္စတီယာနိုရော်နယ်ဒိုနှင့် ဆာဂျီယိုအဂွဲရိုးတို့သာ ရယူထားနိုင်တဲ့ စံချိန်ကို ပီအက်စ်ဗွီစတားရီကာဒိုပီပီ လိုက်မီလာ
=========================

ရီကာဒိုပီပီဟာ အင်္ဂါနေ့တုန်းက အိုလံပီယာကို့စ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အရန်ခုံမှ ထလာပြီးနောက် အချိန်ပိုတွင် ဂိုးသွင်းကာ ပွဲရလဒ်အလှည့်အပြောင်း ဖြစ်အောင် ပြုလုပ်လာပြန်ပါတယ်။

ပီပီဟာာ ပြိုင်ပွဲအရပ်ရပ် ၄ ပွဲတည်းသာ ကစားခွင့်ရထားရာမှာ တတိယမြောက်ဂိုးသွင်းလာတာလည်း ဖြစ်ပါတယ်။ သူဟာ ယင်းပွဲတွေမှာ ၇၅ မိနစ်တည်းသာ ကစားခွင့်ရခဲ့တာပါ။

ဒါပေမယ့် ပီပီရဲ့ ချေပဂိုးကြောင့် ပီအက်စ်ဗွီတို့ အိုလံပီယာကို့စ်နှင့် သရေကျကာ ချန်ပီယံလိဂ် ၄ ပွဲတွင် ၅ မှတ်ရယူထားနိုင်ပြီ ဖြစ်ပါတယ်။

မနေ့ညကပွဲတွင် ပီပီဟာ အိုလံပီယာကို့စ်အား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်နေချိန် ၉၃ မိနစ်တွင် ချေပဂိုးသွင်းခဲ့တာလည်း ဖြစ်ပါတယ်။
ပီအက်စ်ဗွီတို့ ရှုံးနိမ့်ပြီလို့ ယူဆနေရချိန်တွင် ပီအက်စ်ဗွီတို့ ဖရီးကစ် ရရှိခဲ့ပြီး ကန်ချက် စင်ထွက်လာမှုမှ တဆင့် ပီပီက အမှားအယွင်းမရှိ ချေပဂိုးသွင်းခဲ့တာလည်း ဖြစ်ပါတယ်။

ပီပီဟာ ချန်ပီယံလိဂ်တွင် တတိယမြောက်ပွဲအဖြစ် အချိန်ပိုတွင် ပွဲကို အလှည့်အပြောင်း ဖြစ်စေမယ့် ဂိုးကို သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။ ယခင်တုန်းက ချန်ပီယံလိဂ်တွင် အချိန်ပိုမှာ ပွဲရလဒ်အလှည့်အပြောင်း ဖြစ်စေမယ့် ဂိုးအား သွင်းယူနိုင်တဲ့ ကစားသမား နှစ်ဦးတည်းသာ ရှိခဲ့တာဖြစ်ပြီး ခရစ္စတီယာနိုရော်နယ်ဒိုနှင့် ဆာဂျီယိုအဂွဲရိုးတို့ ဖြစ်ပါတယ်။

ပီပီဟာ ယခုရာသီတွင် ၃ ဂိုးသွင်းထားရာမှာ ၂ ဂိုးကို ချန်ပီယံလိဂ်မှာ သွင်းထားတာ ဖြစ်ပါတယ်။ သူဟာ နာပိုလီနှင့်ပွဲမှာ ၆ မိနစ်တည်းသာ ကစားခွင့်ရခဲ့ပေမယ့်လည်း ၁ ဂိုးသွင်းကာ ၁ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

image