မော်ဂန်ဂစ်ဘ်ဝှိုက်ကို မာရီနာကစ် သေနတ်ဖြင့် ချိန်ထားတဲ့ ပုံပါ ပိုစတာကြောင့် အက်ဖ်အေရဲ့ စွဲချက်တင်ခြင်းခံလာရတဲ့ ခရစ္စတယ်ပဲလေ့စ်
===================

အက်ဖ်အေဟာ အလယ်တန်းကစားသမားမော်ဂန်ဂစ်ဘ်ဝှိုက်ကို ဖောရက်စ်ပိုင်ရှင်မာရီနာကစ်က သေနတ်ဖြင့် ခေါင်းကို ချိန်ထားတဲ့ ပုံပါ ပိုစတာအား ပရိသတ်များ လွှင့်ခဲ့မှုအတွက် ခရစ္စတယ်ပဲလေ့စ်ကို စွဲချက်တင်လာပါတယ်။
ဩဂုတ်လတုန်းက Selhurst Park တွင် တစ်ဂိုးစီသရေကျတဲ့ပွဲတွင် ပဲလေ့စ်ပရိသတ်များ လွှင့်ခဲ့တဲ့ ပိုစတာထဲတွင် "Mr Marinakis is not involved in blackmail, match-fixing, drug trafficking or corruption." ဆိုတဲ့စာသားကိုလည်း ရေးသားထားပါသေးတယ်။

မာရီနာကစ်ကမူ ယင်းစွပ်စွဲမှုအားလုံးကို ငြင်းဆိုထားပါတယ်။

ယခုအခါ အက်ဖ်အေက ခရစ္စတယ်ပဲလေ့စ်ကို ပရိသတ်များအား တားဆီးမှု ပြုလုပ်နိုင်ခြင်း မရှိမှုအတွက် စွဲချက်တင်လာတာလည်း ဖြစ်ပါတယ်။

မော်ဂန်ဂစ်ဘ်ဝှိုက်ဟာ နွေရာသီတုန်းက စာချုပ်ပါအချက်အတိုင်း စပါးစ်ဘက်က ပေါင်သန်း ၆၀ ဖြင့် ကမ်းလှမ်းလာမှုကြောင့် ဖောရက်စ်မှ ထွက်ခွာရန် နီးစပ်ခဲ့ပါတယ်။

ဒါပေမယ့် သူဟာ အပြောင်းအရွှေ့မလုပ်ဘဲ ဖောရက်စ်နှင့် စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။

ပဲလေ့စ်ပရိသတ်များဟာ ပိုင်ရှင်စည်းမျဉ်းချိုးဖောက်မှုကြောင့် ယူရိုပါလိဂ်မှ ကွန်ဖရင့်လိဂ်သို့ တန်းဆင်းခဲ့ရပြီး ဖောရက်စ်က ယူရိုပါလိဂ်ဝင်ခွင့်နေရာကို ရယူခဲ့မှုအပေါ် မကျေမနပ်ဖြစ်ကာ ယင်းသို့ ပိုင်ရှင်အား ပစ်မှတ်ထားလာခဲ့တာလည်း ဖြစ်ပါတယ်။
ပဲလေ့စ်အနေဖြင့် လာမယ့် ကြာသပတေးနေ့ နောက်ဆုံးထားကာ စွဲချက်အား တုံ့ပြန်ရပါမယ်။

image