13 ပတ် - ဘာသာပြန်ပါ။

သားဖြစ်သူထက် ၅ နှစ်သာ ပိုကြီးတဲ့ ချစ်သူနှင့် စေ့စပ်လာတဲ့ လာမိန်းယာမဲလ်ရဲ့ ဖခင်
====================

ဘာစီလိုနာစူပါစတားလာမိန်းယာမဲလ်ရဲ့ ဖခင်ဟာ သားဖြစ်သူထက် ၅ နှစ်သာ ပိုကြီးတဲ့ ချစ်သူကောင်မလေးနှင့် စေ့စပ်လာကြောင်း သိရပါတယ်။

အသက် ၁၈ နှစ်ရှိ ဘာစီလိုနာစတားလာမိန်းယာမဲလ်မှာ ဖခင်ရဲ့ ချစ်သူထက် ၂ နှစ်သာ ကြီးတဲ့ ချစ်သူနှင့် လမ်းခွဲလိုက်ပြီးနောက် ယခုသတင်းထွက်လာတာလည်း ဖြစ်ပါတယ်။

မူနာနာဇရာဝီဟာ လွန်ခဲ့တဲ့ လအနည်းငယ်ခန့်ကတည်းက သူ့ထက် ၁၂ နှစ်ငယ်တဲ့ အသက် ၂၃ နှစ်ရှိ ခရစ္စတီနာနှင့် ချစ်ကြိုက်လာခဲ့တာပါ။

အသက် ၃၅ နှစ်ရှိ နာဇရာဝီဟာ သူ့ချစ်သူနှင့် စေ့စပ်လိုက်တဲ့သတင်းက အုတ်အော်သောင်းနင်းဖြစ်လာမှာ စိုးရိမ်မှုနှင့်အတူ ယင်းသတင်းကို ထိန်ချန်လာပါတယ်။

သူဟာ ဝရံတာတွင် ခရစ္စတီနာနှင့် တွဲ ရိုက်ကူးထားတဲ့ ဓာတ်ပုံအား အင်စတာဂရမ်တွင် တင်လာရာမှာ အနက်ရောင်အသည်းပုံနှင့် စိန်လက်စွပ် Emoji ကို အသုံးပြုသွားပါတယ်။

နာဇရာဝီနှင့် ခရစ္စတီနာတို့ ဘယ်အချိန်မှာ တွေ့ဆုံ ချစ်ကြိုက်လာခဲ့ကြသလဲဆိုတာကိုတော့ မသိရသေးပါဘူး။

တဖက်တွင် လာမိန်းယာမဲလ်ဟာ အာဂျင်တီးနားမော်ဒယ် နစ်ကီနစ်ကိုးလ်နှင့် လအတန်ကြာ ချစ်ကြိုက်လာပြီးနောက် လမ်းခွဲလိုက်ကြပြီ ဖြစ်ပါတယ်။

နာဇရာဝီဟာ ၂၀၁၀ ခုနှစ်တုန်းက လာမိန်းယာမဲလ်ရဲ့ မိခင် ရှီလာအီဘာနာနှင့် လမ်းခွဲခဲ့ပါတယ်။ ၎င်းတို့ ဘယ်အချိန်မှာ လက်ထပ်ခဲ့သလဲ မသိရပေမယ့် လာမိန်းယာမဲလ် ၃ နှစ်သား အရွယ်တွင် လမ်းခွဲခဲ့တာပါ။

image