ချန်ပီယံလိဂ်ပြိုင်ပွဲစနစ်သစ်အား ခိုးကူးမှုအတွက် ပေါင် ၁၈ သန်း နစ်နာကြေးပေးလာရဖို့ ရှိနေတဲ့ ယူအီးအက်ဖ်အေ
======================

ယူအီးအက်ဖ်အေဟာ ချန်ပီယံလိဂ်ပြိုင်ပွဲစနစ်သစ်အား ခိုးယူမှုအတွက် ပေါင် ၁၈ သန်းတန်ကြေးရှိ တရားစွဲဆိုမှုနှင့် ရင်ဆိုင်နေရပါတယ်။

ယူအီးအက်ဖ်အေဟာ ပြီးခဲ့တဲ့ရာသီမှ စတင်ကာ ချန်ပီယံလိဂ်အား လိဂ်စနစ်ဖြင့် စတင်ကျင်းပလာခဲ့တာပါ။

စနစ်သစ်ကြောင့် ပြိုင်ပွဲဝင်အသင်း ၃၆ သင်းတို့ဟာ လိဂ်အဆင့်အဖြစ် အနည်းဆုံး ၈ ပွဲကစားရပါတယ်။

ဒါပေမယ့် ယခုအခါမှာတော့ ချီလီအားကစားအကြံပေးကုမ္ပဏီတစ်ခုက ယူအီးအက်ဖ်အေအား ပြိုင်ပွဲစနစ်အား ခိုးကူးမှုအတွက် တရားစွဲလာပါတယ်။

ယခုတရားစွဲမှုကို လီယန်ဒရိုရှာရာဦးဆောင်တဲ့ MatchVision က တရားစွဲလာတာလည်း ဖြစ်ပါတယ်။

၎င်းတို့ကုမ္ပဏီရဲ့ အမှုဆောင်ချုပ်ဟာ ၂၀၁၃ ခုနှစ်တုန်းက ပြိုင်ပွဲစနစ်အား ယူအီးအက်ဖ်အေကို တင်ပြခဲ့ဖူးပါတယ်။

တဖက်တွင် ရှာရာဟာ ယင်းပြိုင်ပွဲစနစ်မူပိုင်ခွင့်အား ၂၀၀၆ ခုနှစ်တွင် ရယူထားခဲ့ပါတယ်။

ဒါကြောင့်လည်း သူဟာ ယူအီးအက်ဖ်အေမှာ မူပိုင်ခွင့် ချိုးဖောက်တယ်ဆိုပြီး တရားစွဲဆိုလာတာလည်း ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေဟာ ရှာရာရဲ့ တရားစွဲဆိုမှုအား သုံးပတ်အတွင်းတွင် ပြန်လည်ချေပရပါမယ်။ လက်ရှိအချိန်တွင် ယူအီးအက်ဖ်အေဘက်က တစုံတရာ မှတ်ချက်ပြုထားခြင်း မရှိသေးပါဘူး။

image