4 ရက် - ဘာသာပြန်ပါ။

အင်္ဂလန်ကို အနိုင်ယူကာ ပေါ်တူဂီယူ-၁၆ နှင့်အတူ Federation Cup ဖလားဆွတ်ခူးလာတဲ့ ခရစ္စတီယာနိုဂျူနီယာ
=======================

ခရစ္စတီယာနိုဂျူနီယာဟာ တူရကီတွင် ကစားတဲ့ ဗိုလ်လုပွဲတွင် အင်္ဂလန်ကို အနိုင်ယူရရှိအောင် ကူညီကာ ပေါ်တူဂီယူ-၁၆ အသင်းနှင့်အတူ Federation Cup ဖလားဆွတ်ခူးလာပါတယ်။

တူရကီတွင် ကစားတဲ့ ယင်းဗိုလ်လုပွဲကို ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ချစ်သူဂျော်ဂျီနာရိုဒရီဂွက်ဇ်လည်း တက်ရောက်အားပေးခဲ့ပါတယ်။ ပွဲအပြီးတွင် ခရစ္စတီယာနိုဂျူနီယာဟာ ဂျော်ဂျီနာနှင့်အတူ Federation Cup ကိုင်ကာ ဂုဏ်ယူစွာ ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။

ခရစ္စတီယာနိုဂျူနီယာဟာ ပြီးခဲ့တဲ့အပတ်မှ စတင်ကာ တူရကီတွင် ကျင်းပလာတဲ့ Federation Cup ဖလားမှာ ပေါ်တူဂီယူ-၁၆ အတွက် ပထမဆုံးကစားခဲ့တာ ဖြစ်ပြီး ဝေးလ်ကို ၃-၀ ဖြင့် အနိုင်ရတဲ့ပွဲတွင် ပထမဆုံးနိုင်ငံတကာဂိုးသွင်းယူခဲ့ပါတယ်။

သူဟာ အင်္ဂလန်ကို ၂-၁ ဖြင့် အနိုင်ရတဲ့ ဗိုလ်လုပွဲတွင် ဒုတိယပိုင်းမှာ လူစားဝင်ရောက်ကာ မိနစ်အနည်းငယ် ကစားခဲ့ပါတယ်။
အင်္ဂလန်အား အနိုင်ရတဲ့ ဗိုလ်လုပွဲတွင် ပေါ်တူဂီယူ-၁၆ အတွက် နှစ်ဂိုးလုံးကို ဘရာဂါအကယ်ဒမီကစားသမားရာဖေးလ်ကာဘရယ်က သွင်းယူခဲ့ပါတယ်။

ပွဲကို ကိုယ်တိုင်ကိုယ်ကျလာရောက် အားပေးကြည့်ရှုခဲ့တဲ့ ဂျော်ဂျီနာဟာ ပွဲအပြီးတွင် သားဖြစ်သူနှင့် ရိုက်ကူးထားတဲ့ ဓာတ်ပုံကို အင်စတာဂရမ်တွင် "I love being a mom. I am very proud of my big boy." လို့ ရေးသားကာ ပို့စ်တင်သွားပါတယ်။

ခရစ္စတီယာနိုဂျူနီယာဟာ ဖခင်ဖြစ်သူ ကစားခဲ့တဲ့ ကလပ်များဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်၊ ယူနိုက်တက်နှင့် လက်ရှိ Al Nassr အကယ်ဒမီတို့တွင် ကစားခဲ့ပါတယ်။

သူဟာ ယခုနှစ် အစောပိုင်းတုန်းကလည်း ပေါ်တူဂီယူ-၁၅ နှင့်အတူ ခရိုအေးရှားတွင် ကျင်းပတဲ့ Vlatko Markovic Tournament ဖလား ဆွတ်ခူးခဲ့ပါတယ်။ သူဟာ ဗိုလ်လုပွဲတွင် ခရိုအေးရှားအား ၃-၂ ဖြင့် အနိုင်ရတဲ့ပွဲတွင် ၂ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

image