ဘောလုံးသမိုင်းတွင် အကောင်းဆုံးခေါင်းတိုက်ဂိုးအဖြစ် ချီးကျူးခံနေရတဲ့ နယူးကာဆယ်နောက်ခံလူဒန်ဘန်းရဲ့ ခေါင်းတိုက်ဂိုး
========================
ဒန်ဘန်းရဲ့ မနေ့ညတုန်းက ဘီလ်ဘာအိုအား အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှ ခေါင်းတိုက်ဂိုးမှာ သမိုင်းတွင် အကောင်းဆုံးခေါင်းတိုက်ဂိုးအဖြစ် တင်စာချီးကျူးခြင်းခံနေရပါတယ်။
နယူးကာဆယ်ဗဟိုနောက်ခံလူဟာ မတ်လတုန်းက သောမတ်စ်တူချယ်လက်အောက်တွင် ပထမဆုံးအင်္ဂလန်ပွဲ ကစားခွင့် ရပြီးနောက် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ အကောင်းဆုံးကာလကို ဖြတ်သန်းနေရသူလည်း ဖြစ်ပါတယ်။
အသက် ၃၃ နှစ်ရှိ အရပ်အမောင်းမြင့်မားတဲ့ ဒန်ဘန်းဟာ မနေ့ညတုန်းက ဘီလ်ဘာအိုနှင့်ပွဲတွင် အဝေးထောင့်သို့ စူပါခေါင်းတိုက်ဂိုးသွင်းကာ နယူးကာဆယ်အတွက် ဦးဆောင်ဂိုးသွင်းခဲ့တာလည်း ဖြစ်ပါတယ်။
ပရိသတ်များဟာ ဖရီးကစ်ကနေ ဒန်ဘန်းရဲ့ အဝေးမှ ခေါင်းတိုက်ချက် ဝေ့ဝိုက်ကာ အဝေးထောင့်သို့ ဝင်သွားမှုကြောင့် မင်သက်ခဲ့ရပါတယ်။
ဒန်ဘန်းရဲ့ ဂိုးဟာ ဘောလုံးသမိုင်းတွင် အကောင်းဆုံးခေါင်းတိုက်ဂိုးအဖြစ် အွန်လိုင်းတွင် ချီးကျူးခြင်းခံနေရပါတယ်။
ပရိသတ်တစ်ဦးက "အမိုက်ဆုံးခေါင်းတိုက်ဂိုးကို ဒန်ဘန်း ဘယ်လောက်တောင် သွင်းလိုက်တာလဲ"လို့ ပြောကြားသွားပါတယ်။
တဖက်တွင် ပရိသတ်များဟာ ဒန်ဘန်းရဲ့ ခေါင်းတိုက်ဂိုးအား ရော်ဘင်ဗန်ပါစီရဲ့ ကမ္ဘာ့ဖလားခေါင်းတိုက်ဂိုးနဲ့ နှိုင်းယှဉ်ပြောကြားနေကြပါတယ်။
ပရိသတ်တစ်ဦးက "ဒန်ဘန်းရဲ့ ခေါင်းတိုက်ဂိုးက ဗန်ပါစီရဲ့ ခုန်ပျံခေါင်းတိုက်ဂိုးနဲ့ တစ်တန်းတည်းပဲ။ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။ ဝေ့ဝိုက်တိုက်သွားတာ ဘယ်လောက်တောင် အံ့ဩစရာကောင်းလိုက်သလဲ"လို့ ဆိုသွားပါတယ်။
မနေ့ညကပွဲတွင် နယူးကာဆယ်ဟာ မနေ့ညကပွဲတွင် ဂျိုးလင်တန် ဂိုးထပ်မံ သွင်းယူလိုက်မှုကြောင့် ၂-၀ ဖြင့် အနိုင်ရခဲ့ပါတယ်။
ဒန်ဘန်းဟာ ယခုရာသီ ပထမဆုံးဂိုး သွင်းယူခဲ့တာ ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ဘရိုက်တန်မှ ပြောင်းလာပြီးနောက် နယူးကာဆယ်အတွက် ၈ ဂိုးမြောက်ဂိုး သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။
ဒန်ဘန်းဟာ လာမယ့်နွေမှာ ၃၄ နှစ်ပြည့်မှာ ဖြစ်ပေမယ့် ကြံ့ခိုင်မှုပိုင်း အကောင်းဆုံး ဖြစ်နေဆဲ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ပြိုင်ပွဲအရပ်ရပ် ၄၆ ပွဲကစားခဲ့ပါတယ်။
သူဟာ ယခုရာသီ နယူးကာဆယ်ရဲ့ ပီရးမီးယားလိဂ်ပွဲအားလုံး ပွဲထွက်ကစားပြီး ပြိုင်ပွဲအရပ်ရပ် ၁၃ ပွဲကစားထားပြီး ဖြစ်ပါတယ်။
နယူးကာဆယ်ဟာ ဘီလ်ဘာအိုနိုင်ပွဲကြောင့် ချန်ပီယံလိဂ်အမှတ်ပေးဇယားအဆင့် ၆ နေရာသို့ တက်လှမ်းလာပါတယ်။ ဒါပေမယ့် ၎င်းတို့ဟာ ပရီးမီးယားလိဂ်မှာတော့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။