4 ရက် - ဘာသာပြန်ပါ။

အတ္တလန္တာနိုင်ပွဲတွင် လူစားလဲခံရပြီးနောက် နည်းပြနှင့် ပြဿနာတက်ခဲ့တဲ့ အဒီမိုလာလုပ်ခ်မန်း
===================

အဒီမိုလာလုပ်ခ်မန်းဟာ ဗုဒ္ဓဟူးနေ့ညတုန်းက ချန်ပီယံလိဂ်ပွဲစဉ်တွင် လူစားလဲလှယ်ခြင်းခံရပြီးနောက် အတ္တလန္တာနည်းပြအိုင်ဗန်ဂျူရစ်နှင့် ပြဿနာတက်ခဲ့ပါတယ်။

အဲဗာတန်တိုက်စစ်မှူးဟောင်းဟာ မာဆေးကို ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ ယင်းပွဲစဉ်အတွက် ပွဲနှောင်းပိုင်းမှာ လူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။

တောင်ပံကစားသမားဟာ ပွဲချိန် ၇၅ မိနစ်တွင် လူစားလဲလှယ်ခြင်းခံရပြီးနောက် ကွင်းဘေးစည်းတွင် လမ်းလျှောက်နေစဉ် ဆောက်သမ်တန်နည်းပြဟောင်းအား တစုံတခု ပြောကြားခဲ့ပါတယ်။

ချက်ချင်းဆိုသလိုဘဲ အိုင်ဗန်ဂျူရစ်ဟာ အကြီးအကျယ်ဒေါသထွက်ကာ လုပ်ခ်မန်းရဲ့ လက်မောင်းအား ဖမ်းဆုပ်ခဲ့ပါတယ်။
လုပ်ခ်မန်းဟာ ဂျူရစ်ရဲ့ တုံ့ပြန်မှုကြောင့် အကြီးအကျယ်တုန်လှုပ်နေတာ တွေ့ရပြီး အခြားနည်းပြအဖွဲ့ဝင်များ လာရောက် ဖြေဖြန်ခဲ့ရပါတယ်။

နည်းပြအဖွဲ့ဝင်တစ်ဦးက ဂျူရစ်အား ဆွဲထားချိန်တွင် အခြားနည်းပြတစ်ဦးကလည်း နည်းပြကို ပြန်လည်တုံ့ပြန်ရန် ကြိုးစားတဲ့ လုပ်ခ်မန်းအား တားဆီးခဲ့တာ တွေ့ရပါတယ်။

ယင်းအဖြစ်အပျက် ဖြစ်ချိန်တွင် ပွဲမှာ ဂိုးမရှိသရေကျနေပြီး လုပ်ခ်မန်းကို ယူနပ်စ်မူဆာနှင့် လူစားလဲခဲ့တာပါ။

ယင်းနောက် ၈၉ မိနစ်မှာတော့ ဆာမာဇစ်က ပြင်သစ်မြေတွင် အတ္တလန္တာအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။

လုပ်ခ်မန်းဟာ ယခုနှစ်အတွင်းတွင် အတ္တလန္တာတွင် ပြဿနာများစွာ ဖြစ်ပျက်ထားသူ ဖြစ်ပါတယ်။

သူဟာ ဖေဖော်ဝါရီလတုန်းက ကလပ်ဘရုဂျက်အား ရှုံးနိမ့်တဲ့ ချန်ပီယံလိဂ်ပွဲတွင် ပင်နယ်တီလွဲပြီးနောက် သူ့ကို အဆိုးရွားဆုံးပင်နယ်တီကန်သူအဖြစ် သမုတ်ခဲ့တဲ့ နည်းပြဂီယန်ပီရိုဂက်စ်ပါရီနီအား မလေးမစားပြောဆိုသူအဖြစ် တုံ့ပြန်ခဲ့ပါတယ်။

ယင်းနောက် သူဟာ နွေရာသီတုန်းကလည်း အင်တာမီလန်မှ ပေါင် ၃၂ သန်းဖြင့် ကမ်းလှမ်းမှုအား ကလပ်ဘက်က ပယ်ချလာပြီးနောက် ကလပ်ကို ကတိချိုးဖောက်တယ်ဆိုပြီး လူသိရှင်ကြား ဝေဖန်ခဲ့ပါတယ်။

image