အင်ဒိုနီးရှားဖိတ်ခေါ် (၃) နိုင်ငံ ခရစ်ကတ်ပြိုင်ပွဲ မြန်မာဝင်ပြိုင်မယ်
မြန်မာ့လက်ရွေးစင် အမျိုးသားခရစ်ကတ်အသင်းဟာ အင်ဒိုနီးရှားဖိတ်ခေါ် (၃) နိုင်ငံ ခရစ်ကတ်ပြိုင်ပွဲ (Bali Bash International Indonesia) ကို ဝင်ရောက်ယှဥ်ပြိုင်သွားဖို့ရှိနေပါတယ်။
ဒီပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမှာ နိုဝင်ဘာ (၆) ရက်ကနေ (၁၄) ရက်အထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး အိမ်ရှင်အင်ဒိုနီးရှား၊ မြန်မာနဲ့ တီမောအသင်းတို့ ပါဝင်ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။
ပြိုင်ပွဲကို (၃) သင်း (၄) ကျော့ အမှတ်ပေးစီးရီးပုံစံနဲ့ ယှဥ်ပြိုင်ကစားစေမှာဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင် အမျိုးသားခရစ်ကတ်အသင်းဟာ နိုဝင်ဘာ (၆၊ ၇၊ ၈၊ ၉၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄) ရက်တွေမှာ ယှဥ်ပြိုင်ကစားရမှာဖြစ်ပါတယ်။