စွယ်တော်မြတ်စေတီတော်(မန္တလေး)၏ ထီးတော်တင်လှူပွဲကို နိုဝင်ဘာလအတွင်း ကျင်းပသွားမည်
ငလျင်ကြောင့် ထိခိုက်ခဲ့သည့် စွယ်တော်မြတ်စေတီတော် (မန္တလေး)၏ ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တို့ကို ပြင်ဆင်ပြီးဖြစ်သည့်အတွက် ယခုနိုဝင်ဘာလအတွင်း ထီးတော်တင်လှူပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း စွယ်တော်မြတ်စေတီတော် (မန္တလေး) ဂေါပကအဖွဲ့ရုံးမှ သိရသည်။
မတ်လ (၂၈) ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တို့မှာ အနည်းငယ်ပျ-က်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယခုအခါ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်ပြုပြင်မွမ်းမံမှုပြီးသည့်အတွက် နိုဝင်ဘာလအတွင်း ထီးတော်တင်လှူပွဲကို ကျင်းပသွားမည်ဖြစ်သည်ဟုဆိုသည်။
အဆိုပါ စွယ်တော်မြတ်စေတီတော်သည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် တည်ရှိသည်။