နမ္မတူမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရိတ်သိမ်းနေဆဲစပါးခင်းများရေနစ်မြုပ်ပျ-က်စီး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်၌ နိုဝက်ဘာ ၁ ရက်မှ ယနေ့ နိုဝင်ဘာ ၅ ရက်အထိ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ္မတူချောင်းရေမြင့်တက်ကာ မိုင်းရင်ကျေးရွာအုပ်စုရှိ နေအိမ်များနှင့် ရိတ်သိမ်းဆဲစပါးခင်းများအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ရေဝင်ရောက်မှုများကြောင့် ရိတ်သိမ်းဆဲစပါးခင်းများနှစ်မြုပ်ကာပျ-က်စီးမှုများဖြစ်ပေါ်လျက်ရှိ၍ တာဝန်ရှိသူများက ပျ-က်စီးလယ်ဧကအရေအတွက်ကို စီစစ်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် နမ္မတူမြို့တွင်း၌လည်း နမ္မတူချောင်းနှင့် နမ့်လချောင်းတို့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေများမြင့်တက်လာသဖြင့် ချောင်းများအနီးရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်နေ၍ ယင်းနေအိမ်များတွင်နေထိုင်သူများမှာ ရေဘေးလွတ်ကင်းရာသို့ ယာယီရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း သိရသည်။ ဒေသခံအချို့သည် ဘေးလွတ်ရာနေရာများသို့ ခေတ်ပြောင်းရွှေ့နေရကြောင်း သိရသည်။

နမ္မတူမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကလည်း မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ္မတူချောင်းရေမြင့်တက်ကာ မိုင်းရင်ဒေသအတွင်းရှိ စပါးစိုက်ဧကအများအပြား ရေနှစ်မြုပ်ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည်။

image