မြန်မာအစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများကြား လူသားချင်းစာနာမှုအကူအညီပေးရေးနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများဆွေးနွေး

မြန်မာအစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများကြား လူသားချင်းစာနာမှုအကူအညီပေးရေးနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏အကြီးအကဲ Mr. Justin Brady တို့ ယနေ့ နိုဝင်ဘာ ၅ ရက်ကတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံစဉ် အကူအညီလိုအပ်သည့် ပြည်သူများထံသို့ လူသားချင်းစာနာမှုအကူအညီများပေးအပ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးရေး၊ မြန်မာအစိုးရနှင့် ကုလသမဂ္ဂ အေဂျင်စီများကြား လူသားချင်းစာနာမှုအကူအညီပေးရေးနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။

image