ပြည်မြို့ရှိ မြတ်စွယ်တော်အား ယနေ့ညတွင် စွယ်တော်တိုက်အတွင်းပြန်လည်ပင့်ဆောင်မည်
ရဟန်းရှင်လူများဖူးမြှော်ကြည်ညိုနိုင်ရန် ပဲခူးတိုင်း၊ ပြည်မြို့ရှိ ဗုဒ္ဓမြတ်စွယ်တော်အား အောက်တိုဘာ ၃၁ ရက်မှစတင်၍ ဖွင့်လှစ်အပူဇော်ခံထားရှိရာမှ ယနေ့ နိုဝင်ဘာ ၆ ရက်ည ၈ နာရီတွင် စွယ်တော်တိုက်အတွင်းသို့ ပြန်လည်ပင့်ဆောင်တော်မူသွားမည်ဖြစ်သည်။
ဗုဒ္ဓမြတ်စွယ်တော်အား စွယ်တော်တိုက်သို့ပြန်လည်ပင့်ဆောင်ရာ၌ ရွေဆံတော်စေတီတော်မြတ်ကြီး ဩဝါဒါဆရာတော်ကြီးများ၏လမ်းညွှန်မှုခံယူ၍ တာဝန်ရှိသူများနှင့် ဂေါပကအဖွဲ့ဝင်များက ပင့်ဆောင်တော်မူသွားမည်ဖြစ်သည်။