ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့် UNOCHA အကြီးအကဲတို့တွေ့ဆုံ
ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံအရေးအခင်းအကျင်းကိစ္စရပ်များဆွေးနွေး
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့် ရန်ကုန်မြို့အခြေစိုက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညိနှိုင်းရေးရုံး(UNOCHA) ၏ အကြီးအကဲ Mr. Justin Brady တို့ ယမန်နေ့ က နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံမှု၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီပေးရေးလုပ်ငန်းများ၊နိုင်ငံတကာအဖွဲ့အစည်းများ နှင့် ပြည်တွင်းအဖွဲ့စည်းများပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝဘေးပြန်လည်ထူထောင်ရေး ကိစ္စရပ်များဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုပြင် ရွေးကောက်ပွဲ နှင့် ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံရေးအခင်းအကျင်း တို့အပေါ်လည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂)မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။