2 ရက် - ဘာသာပြန်ပါ။

ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ UMFCCI တာဝန်ရှိသူများနှင့် နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးတွေ့ဆုံ
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုဆွေးနွေး

ရုရှားနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E.Mr. Andrey Aleksandrovich Travnikov သည် နိုဝင်ဘာ ၅ ရက်က ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းတို့နှင့် သီးခြားစီတွေ့ ဆုံခဲ့သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံစဥ် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးဆိုင်ရာများ၊ UMFCCI ဥက္ကဋ္ဌနှင့်တွေ့ဆုံစဥ် စီးပွားရေးဆိုင်ရာများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးသည် ရွှေတိဂုံစေတီတော်မြတ်ကြီးအားဖူးမြော်ကြည်ညိုပြီး စေတီတော်မြတ်ကြီးရှိ သာသနိကအဆောက်အအုံများကို ကြည့်ရှုလေ့လာခဲ့ကြကာ မွန်းလွဲပိုင်းတွင် နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ရုရှားနိုင်ငံသို့ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။

image