2 ရက် - ဘာသာပြန်ပါ။

သဲဖြူဆရာတော်ကြီးဦးဆောင်မှုဖြင့် မွန်ပြည်နယ်၌ အခမဲ့မျက်စိစမ်းသပ်ခွဲစိ-တ်ကုသပေးမည်

သဲဖြူဆရာတော်ကြီး၏ဦးဆောင်မှု မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဦးတင်ဇော်ထွန်းတို့၏ပင့်ဖိတ်မှု၊ Grand Paukan Foundation နှင့် မိုင်းဖုန်းခရီးသွားလုပ်ငန်း (မိသားစု) ၏လှူဒါန်းမှု၊ ကျန်းမာရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုတို့ဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မော်လမြိုင်ပြည်သူ့ဆေးရုံ၌ အခမဲ့မျက်စိစမ်းသပ်ခွဲစိ-တ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမဲ့မျက်စိစမ်းသပ်ခွဲစိ-တ်ကုသပေးခြင်းအား နိုဝင်ဘာ ၉ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိပြုလုပ်သွားမည်ဖြစ်၍ ကုသမှုခံယူလိုသူများအနေဖြင့် မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်၊ ချောင်းဆုံမြို့နယ်တို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ကုသမှုခံယူလိုသည့် မျက်စိဝေဒနာရှင်များ၏ ဆေးရုံသို့သွားလာစရိတ်၊ စမ်းသပ်စစ်ဆေးခြင်း၊ ခွဲစိတ်ကုသခြင်း၊ မျက်ကပ်မှန်၊ မျက်မှန်များတပ်ဆင်ပေးခြင်း၊ ကုသသူများအား နေ့လည်ကျွေးမွေးလှုဒါန်းခြင်းများကိုလည်း အခမဲ့လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆရာတော်၊ သံဃာတော်များကိုလည်း သင်္ကန်း၊ ဝတ္ထုငွေများ၊ ကျောင်းသား၊ ကျောင်းသူ (၁,၅၀၀) ဦးကို ကျောင်းဝတ်စုံ၊ ကျောင်းသုံးပစ္စည်းများလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

image