EPS စနစ်ဖြင့် ကိုရီးယားသို့ မြန်မာလုပ်သား (၁၉၃) ဦးစေလွှတ်

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား (၁၉၃) ဦးစေလွှတ်ခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သိရသည်။

ယင်းတွင် စိုက်ပျိုုးရေးလုပ်သားသစ် (၁၂) ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် (၉) ဦး၊ ဝန်ဆောင်မှုလုပ်သားသစ် (၁၃) ဦး၊ Re-entry လုပ်သား (၁၂) ဦး စုစုပေါင်း လုပ်သား (၄၆) ဦးသည် ကိုရီးယားလေကြောင်းလိုင်း KE492 ခရီးစဉ်ဖြင့် အောက်တိုဘာ ၂၈ ရက်နေ့တွင် စေလွှတ်ခဲ့သည်။

အလားတူ ကုန်ထုတ်လုပ်သားသစ် (၁၄၇) ဦးသည် မြန်မာအမျိုးသားလေကြောင်းလိုင်း UB8301 ခရီးစဉ်ဖြင့် အောက်တိုဘာ ၂၉ ရက်နေ့တွင်လည်းကောင်း အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ယခင်က ကိုရီးယားသမ္မတနိုင်ငံရှိ နိုင်ငံခြားသားအလုပ်သမားများအား နာမည်တပ်မခေါ်ဘဲ “ဟေး” “မင်း” စသဖြင့် ခေါ်ဝေါ်ခြင်းမှာ ရိုင်းသည့်အပြုအမူအသွင် ရောက်သောကြောင့် အောက်တိုဘာ ၂၈ ရက်မှစ၍ အသစ်ရောက်ရှိလာသည့် မြန်မာအလုပ်သမားများအား အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ချိန်တွင် နာမည်ကတ်ပြားများ တပ်ဆင်စေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

image