6 ရက် - ဘာသာပြန်ပါ။

ကမ္ဘာ့ဘောလုံးလောကမှာ အင်အားအကောင်းဆုံးလိဂ်အဖြစ် ပရီးမီးယားလိဂ် သတ်မှတ်ခံရပြီး လိဂ်ချန်ပီယံရှစ်က အဆင့် ၆ နေရာရပ်တည်

အချက်အလက်တွေအပေါ် အခြေပြုတွက်ချက်တဲ့ Opta ရဲ့ ထုတ်ပြန်မှုအရ အင်္ဂလန်ပရီးမီးယားလိဂ်က ကမ္ဘာ့ဘောလုံးလောကမှာ အင်အားအကောင်းဆုံးလိဂ်အဖြစ် သတ်မှတ်ခံရပြီး အင်္ဂလန်လိဂ်ချန်ပီယံရှစ်ကလည်း အဆင့် ၆ နေရာ ရပ်တည်ခဲ့ကြောင်း သိရပါတယ်။

Opta က ကမ္ဘာတစ်လွှားက လိဂ်ပြိုင်ပွဲအားလုံးကို အသေးစိတ်ဆန်းစစ်တွက်ချက်မှု ပြုလုပ်ကာ ဒီစာရင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး လိဂ်တစ်ခုစီမှာပါဝင်ယှဥ်ပြိုင်နေတဲ့ အသင်းအားလုံးရဲ့ စွမ်းဆောင်ရည်နှုန်းထား၊ အကောင်းဆုံး ၁၀ သင်းရဲ့ စွမ်းဆောင်ရည်နှုန်းထား၊ အကောင်းဆုံး ၅ သင်းရဲ့ စွမ်းဆောင်ရည်နှုန်းထားတွေအပေါ် နှိုင်းယှဥ်အကဲဖြတ်ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

Opta ရဲ့ ဖော်ပြမှုမှာ ပရီးမီးယားလိဂ်က ကမ္ဘာ့အတောင့်တင်းဆုံးလိဂ်အဖြစ် ရပ်တည်ခဲ့ပြီး စပိန်လာလီဂါက ဒုတိယနေရာ၊ အီတလီစီးရီးအေက တတိယနေရာ၊ ဂျာမနီဘွန်ဒစ်လီဂါက စတုတ္ထနေရာ၊ ပြင်သစ်လီဂူးက ပဉ္စမနေရာ ရပ်တည်ခဲ့တာကြောင့် ဥရောပထိပ်သီးလိဂ် ၅ ခုကပဲ ကမ္ဘာ့ဘောလုံးလောကကို စိုးမိုးထားပါတယ်။

အင်္ဂလန်ဘောလုံးလောကရဲ့ ဒုတိယတန်းစားပြိုင်ပွဲဖြစ်တဲ့ လိဂ်ချန်ပီယံရှစ်က အဆင့် ၆ နေရာမှာ ရပ်တည်နိုင်ခဲ့တာကတော့ အင်္ဂလန်ရဲ့ ဘောလုံးအင်အားက ပြိုင်ဘက်တွေနဲ့ ကွာဟချက်ကြီးမားနေပြီဆိုတာ ပြသရာရောက်ခဲ့ပါတယ်။

ထိပ်ဆုံး လိဂ် ၁၀ ခုစာရင်းမှာ ပါဝင်နေတဲ့ တခြားလိဂ်တွေကတော့ အဆင့် ၇ မှာ ဘယ်လ်ဂျီယံပရိုလိဂ်၊ အဆင့် ၈ မှာ ဘရာဇီးလ်စီးရီးအေ၊ အဆင့် ၉ မှာ ပေါ်တူဂီပရီးမီးယားလီဂါ၊ အဆင့် ၁၀ မှာ အမေရိကန်မေဂျာလိဂ်တို့ ဖြစ်ပါတယ်။

image