6 ရက် - ဘာသာပြန်ပါ။

ပွဲထွက်ကစားသမား အပြောင်းအလဲ ပြုလုပ်ခြင်းအတွက်
ချယ်လ်ဆီးနည်းပြ မာရက်စ်ကာကာကွယ်ပြောဆို

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက
ပွဲထွက်ကစားသမား ၁၁ ဉီးကို အပြောင်းအလဲ ပြုလုပ်လွန်းလို့ ဝေဖန်ခံရတဲ့အတွက် ကာကွယ်ပြောဆိုခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက
ပြီးခဲ့တဲ့ ငါးပွဲဆက်တိတိ ပွဲထွက်လူစာရင်းကို
၇ နေရာအပြောင်းအလဲလုပ်ခဲ့ပါတယ်။

လက်ရှိရာသီမှာ ချယ်လ်ဆီးအသင်းကပြိုင်ပွဲစုံ
၁၆ ပွဲကစားထားပြီး ကစားသမားအပြောင်းအလဲ ၈၅ ကြိမ်အထိလုပ်ထားပါတယ်။ ဒါဟာပရီးမီးယားလိဂ်အသင်းတွေထဲအပြောင်းအလဲအများဆုံးအဖြစ်
မှတ်တမ်းဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ကာရာဘတ်အသင်းနဲ့ နှစ်ဂိုးစီသရေကျတဲ့
ချန်ပီယံလိဂ်ပွဲမှာချယ်လ်ဆီးအသင်းက ကစားသမား ၇ ဉီးအပြောင်းအလဲလုပ်ခဲ့ပြီး နှစ်ဂိုးစီသရေသာကစားနိုင်ခဲ့ပါတယ်။
မာရက်စ်ကာ ရှုံးပွဲမကြုံရအောင် ဒုတိယပိုင်းမှာ အန်ဇို၊ ဒီလက်ပ်၊ ဂါနာချိုစတဲ့ အဓိကကစားသမားတွေ ထည့်သွင်းအသုံးပြုခဲ့ရပါတယ်။

မာရက်စ်ကာကတော့ ကစားသမားတိုင်းမှာအခွင့်အရေးရှိတယ်လို့ကာကွယ်ပြောဆိုခဲ့ပါတယ်။

image