မက္ကဆီကို အလှမယ်ကို ပြစ်တင်ပြောဆိုခြင်းနှင့် အလှမယ်များအပေါ် မလေးမစား ပြုလုပ်ခဲ့သည့် Miss Universe ထိုင်းဒါရိုက်တာ နာဝတ် ပြန်လည်တောင်းပန်

မက္ကဆီကို အလှမယ်ကို ပြစ်တင်ပြောဆိုခြင်း၊ အလှမယ်များအပေါ် အော်ဟစ်ကြိမ်းမောင်းခြင်းနှင့် မလေးမစား ပြုလုပ်ခဲ့သည့် Miss Universe ထိုင်းဒါရိုက်တာ နာဝတ် ပြန်လည်တောင်းပန်ခဲ့သည်။

နာဝတ်က မက္ကဆီကို အလှမယ် ဖာတီမာဘော့ချ်၏ ဒါရိုက်တာကို ရဲတပ်ဖွဲ့က နိုင်ငံအတွင်းမှ နှင်ထုတ်လိုက်ကြောင်းနှင့် ထိုဒါရိုက်တာ၏ စကားများကို ဆက်လက်နားထောင်နေမည်ဆိုပါက တုံးအသူဖြစ်ကြောင်း နိုဝင်ဘာ ၄ ရက်က ပြောကြားခဲ့သည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး Miss Universe ပြိုင်ပွဲကို ထိုင်းနိုင်ငံနှင့်အတူ ပူးတွဲပြုလုပ်သည့် မက္ကဆီကို Miss Universe အဖွဲ၏ ဥက္ကဋ္ဌ ရာအူးလ်ရိုချာကနာဝတ်၏ အပြုအမူအပေါ် ပြစ်တင်ရှုတ်ချခဲ့ပြီး ယခုနှစ် Miss Universe ပြိုင်ပွဲနှင့် ဆက်နွှယ်သည့်အခမ်းအနားတွင် နာဝတ်၏ ပါဝင်မှုကို လျှော့ချကန့်သတ်ကြောင်း ကြေညာခဲ့သည်။

နိုဝင်ဘာ ၅ ရက်နေ့ညက Miss Universe 2025 အတွက် ကြိုဆိုပွဲအခမ်းအနားပြုလုပ်စဉ်အတွင်း နာဝတ်က တောင်းပန်စကားပြောကြားခဲ့ကာ သူသည် ဖိအားများအောက်ရောက်ရှိနေခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော့်မှာ ဖိအားအများကြီးရှိတယ်ဆိုတာ ခင်ဗျားတို့နားလည်ကြမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်လည်း လူသားတစ်ယောက်ပဲလေ။ တစ်ခါတစ်လေ ကျွန်တော်မထိန်းချုပ်နိုင်ဘူး။ စကားမစပ် ကျွန်တော်ခင်ဗျားတို့အားလုံးကို လေးစားတဲ့အတွက် ဘယ်သူ့ကိုမှ ထိခိုက်နစ်နာလိုစိတ်မရှိပါဘူး။ ဒီကိစ္စဖြစ်သွားတဲ့အတွက်လည်း ကျွန်တော်စိတ်မကောင်းပါဘူး” ဟု နာဝတ်က ဆိုသည်။

image